-15-

1.7K 322 36
                                    


"ဘယ်_ ဘယ်သူလဲ?

သူအိမ်ထဲရောက်နေသည့် အနောက်တိုင်းဝတ်စုံနှင့်သူနှစ်ဉီးအားသူသေချာစိုက်ကြည့်ရင်း မေးမိပြီးကာမှ။

"အာ့ hight hope groupက သူဠေး!!
သူဠေးက ဘယ်လိုလုပ်ပြီး ကျတော်တို့အိမ်ကို?"

"ဆော့ဂျင်!!"

သူအနားကိုတိုးလာတဲ့သူဠေးက နမည်တခုကိုရေရွတ်လာပေမယ့် သေချာမသဲကွဲလို မျက်ခုံးမြင့်ကာ မကြားလိုက်ကြောင်းပြောမိတော့။

"ဆော့ဂျင်? ဘယ်ကဆော့ဂျင်လဲ?"

Bin: ဧကန္တ မင်းတို့ ဂရမ်နမည်မှာပါတဲ့ နမည်လား?"

"ငါမှမသိတာအရူးရဲ့
ဟိုသူဠေး ~~ဂရမ်ကအခုထိရှာလိုမတွေ့သေးဘူးရယ် ~~အာ့တာကြောင်ါ ဂရမ်ပါတဲ့ မြေပိုင်ရှင်နမည်က ဆော့ဂျင်လား?
ဆော့ဂျွန်းလားလဲမသိဘူး!!"

ကြည်လင်နေတဲ့မျက်နှာလေးထက်
မျက်ခုံးနက်နက်လေး ၊
နှာတံစင်းစင်လေး‌နဲ့ ဖူးငုံနေတဲ့နှုတ်ခမ်းသားကိုမှ
ပြုံးနေသည်ထင်ရကာ
ကွေ့ညွှန့်နေတဲ့နှုတ်ခမ်းအနားသတ်ရှိတဲ့
ကောင်လေးဟာ ဆော့ဂျင်ဆိုတဲ့ နမည်ကိုတခါမှမကြားဖူးသလိုပြောလာတာမို့။

"မင်းကို ခေါ်နေတာ ကင်မ်ဆော့ဂျင် !!

"ဗျာ?
အာ!! သူဠေးနမည်မှားနေတယ်ဗျ
ကျတော်နမည်က ဂျင်ဝူပါ
ဆော့ဂျင်မဟုတ်ဘူးဗျ!! ဘာကိစ္စနဲ့အိမ်ရောက်လာလဲမသိပေမယ့် ထိုင်ကြပါအုန်းဗျ!!"

စကားပြောတိုင်း နှုတ်ခမ်းလေးထော်တက်လာသလို စိတ်လှုပ်ရှားရင်းစကားပြောမြန်တဲ့
အလေ့အကျင့်လေးတွေရှိပြီး
အသံကအစ ထပ်တူကျနေတဲ့ကောင်လေးက
ဆော့ဂျင်မဟုတ်ဘူးတဲ့လား?

သူစိတ်‌မရှည်တော့သဖြင့် ထိုကောင်လေးပခုံးနှစ်ဖက်ကိုဖမ်းကိုင်ကာစောင့်ဆွဲလိုက်ရင်း။

"ကင်မ်ဆော့ဂျင်!!! မင်း ဘာတွေဟန်ဆောင်ပြနေတာလဲ ? ဘာလို့ ကင်မ်ဆော့ဂျင်မဟုတ်ဘူးလို ငြင်းနေရတာလဲ!!"

"သူ သူဠေး~~!!"

"ဘာလို့ ငါကိုမမှတ်မိချင်ဟန်ဆောင်နေရတာလဲ ဟမ်!!"

"ကျ~ ကျတော် က ဘာကို မှတ် မှတ်မိရမှာလဲဟင်!!
ဆိုဘင်နား~~"

သူပခုံးကိုဆုပ်ကိုင်ထားသည်မို့ အလန့်တကြားဖြစ်နေပုံရတဲ့ကောင်လေးဟာ
အားကိုးတကြီးဖြင့်
သူ့သူငယ်ချင်းဖြစ်သူကိုလှည့်ကြည့်နေတော့
ထိုမျက်နှာ‌ေလးကို သူဘက်ပြန်ဆွဲလှည့်လိုက်ကာ။

Don't darling me  Where stories live. Discover now