-6-

2.1K 303 35
                                    

ကားပါကင်တွင် ကားကိုနေရာတကျထိုးပြီးသွားပြိဖြစ်သော်လည်း ကားထဲမှမထွက်မိသေးဘဲ လေပူတွေမှုတ်ထုတ်နေမိတဲ့သူ့
လက်အား ဟိုဆော့မှ ဆုပ်ကိုင်လာခဲ့ရင်း။

"စိတ်လှုပ်ရှားနေတာလား ~~ ထယ်!"

သူခေါင်းသာ အသာငြိမ့်ပြမိတော့
ဟိုဆော့ဟာ သူလက်နှစ်ဖက်ဖြင့် အုပ်ကိုင်လာရင်း အားပေးလာခဲ့ပြန်သည်။

"စိတ်အရမ်းမပူနေပါနဲ့ ထယ်ရယ်
မင်းက အုပ်ထိန်းသူကောင်းတယောက်ဖြစ်ခဲ့တာမို့ ~ အုပ်ထိန်းသူတယောက်အနေနဲ့ပြောရမယ့်စကားတွေလည်း ကောင်းကောင်းပြောနိုင်မှာပါ
ကဲ ~ ငါတို့သွားရအောင်!!"

ဟိုဆော့စကားအတိုင်း သူကားထဲမှထွက်လာခဲ့ပေမယ့် စိတ်လှုပ်ရှားမူကမပျောက်သေး။

အကိုကြီးတယောကိအနေနဲ့
အုပ်ထိန်းသူတယောက်အနေနဲ့
သွားရမယ့်နေရာကအရင်လို နေရာမျိုး (ဆုပေးပွဲ ၊ ကျောင်းအစည်းအဝေးပွဲ)မဟုတ်ဘဲ
ညီငယ်လေးရဲ့ ဘဝတခုလုံးနှင့်သက်ဆိုင်သည်ကိစ္စကို ဆွေးနွေးရမည်နေရာ။

ရှစ်းနှစ်သားအရွယ်ထဲက အတူရှိလာခဲ့ပြီး
သူမျက်စိရှေ့မှာတင်တ‌ေဖြး‌ေဖြးကြီးပြင်းလာတာကိုသိပေမယ့် စိတ်ထဲအခုထိ သူ့ရင်ခွင်ရိပ်အောက်မှာခိုလှုံရမည့်ကလေး လိုပင်ထင်နေဆဲ။

ဒီလိုကလေးငယ်က ချစ်သူရည်းစားတောင်မဟုတ်ဘဲ လက်ထက်ရမည့်သူရှိတယ်ပြောလာတော့
ရင်ထဲဆို့နင့်သွားသည်ခံစားချက်နဲ့အတူ
နေလိုမကောင်းတော့။

ဆော့ဂျင်စပြောပြတဲ့နေ့ကဆို ညအိပ်လိုပင်မပျော်ခဲ့။
ဒါကို ဟိုဆော့ ရိပ်မိလားမသိပေမယ့်
သူမျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကျွမ်းသော သူ့ကို စိတ်မပူစေချင်ပါ။

"ဆော့ဂါး မင်းအရင်ဝင်နှင့်ပါလား
ကိုယ် သန့်စင်ခန်းခဏဝင်လိုက်အုန်းမယ်"

သူစကားကို ခေါင်းလေးငြိမ့်ပြလာတဲ့ ဟိုဆော့က စားသောက်ဆိုင်ထဲဝင်သွားတော့
သူလည်း သန့်စင်ခန်းရှိရာသို့ လာခဲ့လိုက်မိသည်။

ဘယ်အိမ်ကသားလဲ? ဘယ်လောက် ပိုင်ဆိုင်မူတွေရှိလဲ ? ဆိုတာထက် ဂျင်လေးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်တန်ဖိုးထားပေးနိုင်မလဲဆိုတာကိုသာ သိချင်၍
ထိုမေးခွန်းကို မမေးမဖြစ်မေးရမည်ဟု
သူတွေးထားသည်။

Don't darling me  Where stories live. Discover now