-3-

2.3K 341 32
                                    

အနက်ရောင် shirtမှ ကြယ်သီးတွေကို အပြည့်အစုံမတက်ဘဲ
အပေါ်က အနက်ရောင် coatကိုသာထပ်ဝတ်လိုက်ရင်း မသေမသပ်ဖြစ်နေတဲ့ ဆံသားတွေကို ဂျယ်တချို့အသုံးပြုကာလှန်တင်လိုက်သည်။

ကြေးမှုန်ထက် ထင်ဟတ်နေသော သူပုံရိပ်ကို
သူကြည့်ရင်း ခြောက်ကပ်ကပ်ရယ်လိုကါမိသည်။

" အင်းး အခုဆို
မဖိတ်ထားတဲ့ မဂ်လာပွဲကို တက်လိုရပြီပဲ!!"

လက်ပတ်နာရီကိုပတ်အပြီး ဖုန်းနဲ့ကားသော့ကိုယူကာ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သညါ။

"ဂျောင်ဟိုဆော့~~ ကိုယ်မင်းဆီလာပြီ!!"

°°°°

ခြံအပြင်ထိပါကြား‌ေနရသည်အထိ လက်ခုတ်ဩဘာသံတွေကျယ်လောင်နေသော
မဂ်လာရှိနေသော ခြံကြီးအရှေ့သူရောက်လာခဲ့သည်။ ကားကို တွေ့ကရာနေရာမှာ ရပ်လိုက်ရင်း အထဲသို့မဝင်သေးဘဲ ထိုခြံကြီးကို သေချာစိုက်ကြည့်နေလိုက်သည်။

"ဒီလောက်ဆူညံ့နေတာ ရပ်ကွက်က
ခဲနဲ့လာမပေါက်ကြဘူးလား မသိဘူး !!"

ထိုအချိန်သူမျက်နှာကိုထိုးလာတဲ့ ကားမီးရောင်ဆူးဆူးနဲ့အတူ အနားရောက်မှ ဘရိတ်ကို ကမန်းကတန်းစောင့်အုပ်တဲ့ကားတစိးကြောင့်
ပါးစပ်ကအသံထွက်၍ပင်ဆဲမိသွားသည်။
လူကစိတ်သိပ်ကြည်နေတာမဟုတ် ဒီအိမ်ကိုပစ်မယ့် ခဲကျိုး က ဒီကားပိုင်ရှင်ဆီရောက်မိတော့မယ်။

"တောင်းပန်ပါတယ်~~တောင်းပန်ပါတယ်"

ကားပေါ်က ကပိုကရိုနဲ့ဆင်းလာတဲ့ ခရမ်းနုရောင်ဆံသားတွေနဲ့ကောင်လေးက အားနားနေသည့်ဟန်လေးဖြင့် တောင်းပန်သည်စကားကိုအကြိမ်ကြိမ်ပြောလာပေမယ်ါ့ မျက်‌ေမှာင်ကြုတ်ပြီးသာ ပြန်စိုက်ကြည့်လိုက်မိသည်။

"တောင်းပန်ပါတယ်~ ကျတော်အခုမှ ကားစမောင်းလိုပါ အဆငိပြေရဲ့လား!!"

"မြင်တဲ့အတိုင်းပဲ!!"

လက်ထဲက ခဲကျိုးကိုလမ်းဘေးပြစ်လိုက်ရင်း
လက်နှစ်ဖက်ကိုခါကာ ခြံတံခါးဝရှိရာသို့လှည့်ထွက်သွားမိတော့ အနောက်ကလိုက်လာပြန်တဲ့ ထိုကောင်လေး။

"ဒါနဲ့~ညစာစားပွဲလာတာလားဟင်?"

စကားကြောရှည်ချင်နေတဲ့
ထိုကောင်လေးကိုဘာမှထပ်မဖြေတော့ဘဲ
ချီးမွန်းသံတွေ ၊ရှန်ပိန်ဖောက်သံတွေနှင့်
ဆူညံနေသော လူစုလူဝေးထဲ တိုးဝင်လာခဲ့လိုက်သည်။

Don't darling me  Where stories live. Discover now