-11-

1.5K 274 18
                                    

လက်ထက်ပြီးထဲက နေတိုင်းလိုလို night out ထွက်ခဲ့တဲ့သူ မနက်ဝေလီဝေလင်းမှ ပြန်ပြန်လာခဲ့သည်။

တချို့နေ့တွေဆို ၂ရက်လောက် အိမ်ပြန်မလာခဲ့တဲ့ နေ့မျိုးတွေတောင်ရှိခဲ့သေးတာ။
သူဒီနည်းတွေနဲ့ မနှစ်သက်ဘဲ ယူခဲ့မိတဲ့ ကောင်လေးကိုရှောင်ဖယ်နေပေခဲ့မယ့်။

"ဂျွန် ဂျွန်လား?"

ဝေလီဝေလင်းအခ်ျန် သူအိမ်ပြန်လာတော့
ဆိုဖာပေါ် ခွေခွေလေးအိမ်နေတဲ့ဆော့ဂျင်ဟာ
မျက်လုံးလေးပွတ်ရင်း မေးလာခဲ့သည်။

ဒ‌ီကောင်လေး တညလုံးဒီမှာနေခဲ့တာလား?

"ဂျွန် ကျတော် ပျားရည်လေးထပ်ဖျော်ပေးမယ် ခဏစောင့်နော်!!"

သူဆီက အရက်အနံ့တွေ ထောင်းထနေသည်။
ဒါကြောင့် ကောင်လေးက
အိပ်ချင်မူးတူးဖြစ်နေတာတောင် မီးဖိုအခန်းထဲပြေးဝင်သွားရင် သူအတွက် ပျားရည်ဖျော်ပေးနေခဲ့ပြန်တာမို့ တားဖို့တောင် မမှီလိုက်။

"ဂျွန် ဒါလေး သောက်ပြီးမှ ပြန်အိပ်လိုက်ပါလား!!"

သူကောင်လေးစကားကိုနားမထောင်ဘဲ
အဝတ်အစားတွေလည်းမလဲဘဲ
ကုတင်ပေါ်လဲအိပ်ချလိုက်တော့~~
သူပခုံးကို လှုပ်ကိုင်ကာ နိုးလာသည်မို့။

"မင်းး ဘာဖြစ်နေတာလဲ!!!!!!!!

လက်ကိုပုတ်ထုတ်လိုက်ရင် အောါဟစ်လိုက်မိတော့ ဆော့ဂျင်လက်ထဲက ခွက်လေး ကြမ်းပြင်ကျကာ ကွဲကြေသွားခဲ့သည်။

"ဂျွန်~~"

"ငါအိပ်နေတာ မင်းမမြင်ဘူးလား!
ဘာလို့အနှောက်အယှက်လာပေးနေရတာလဲ?"

"ဂျွန်နိုးလာရင်ခေါင်း‌ကိုက်နေမှာ ကျတော်က~~"

"မင်းပါးစပ်ကိုပိတ်ပြီး ဝေးဝေးသွားလိုက်တော့ ငါအရမ်းနားညည်းနေတာမို့!!"

လက်ဖြင့်ပါ ခါပြရင်းသူ နှင်လေတော့...။

"ကျတော်တို့ဝေးမှာကြောက်လို
လက်ထက်ခဲ့ကြတာလေ ဂျွန်ရယ်
ဘာလို့အတင်းနှင်နေရတာလဲ!!"

မျက်ရည်တွေစီးကျလာတဲ့ဆော့ဂျင်ဟာ
ကုတင်အောက်မှာ ပြန်ကျဲသွားတဲ့ ဖန်ခွက်အစတွေကို လိုက်ကောက်ရင်းပြောလာတော့။

Don't darling me  Where stories live. Discover now