-7-

1.8K 274 35
                                    

"ဂျင်ကို ငါသွားခေါ်လိုက်မယ် ထယ်!!"

ကျောင်းကိုအကြို အပိုနဲ့သွားရသည်အပြင်
အိမ်ရောက်သည်နှင့် ဘယ်အပြင်မှထွက်ခွင့်မရှိသော ဆော့ဂျင်က ထယ်ယောင်းနဲ့စကားမပြောသလို ၊ ထမင်းလဲအောက်ဆင်းမစားခဲ့ပြန်လို ကြားထဲကမနေနိုင်တဲ့သူ
ဝင်ပါမိရတော့သည်။

"စားစရာရှိတာစား ဆော့!!"

"ထယ် !! "

"ထိုင်နေ ဆော့
စားချင်ရင်သူဆင်းပါသူလာလိမ့်မယ်!!"

"ဒါပေမယ့် ထယ်ရယ်
ဂျင်လေးကဘာဆိုဘာမှမစားတာ
ကြာရင်မကောင်းဘူး ၊ဒါကြောင့် တခုခုမဆို
ကျွေးဖို..."

"ငါကမစားနဲ့ပြောလို့လား?
သူသဘောနဲ့သူမစားတာလေ ..ပါးစပ်ထဲထိခွံကျွေးရအောင်လည်း မွေးခါပေါက်စအရွယ်လည်းမဟုတ်ဘူး !!
သူဘယ်လိုတွေပဲလုပ်ပြနေပါစေ
ငါကတော့ အာ့ကောင်နဲ့သဘောမတူနိုင်ဘူး!!'

ဘာမှမဖြစ်သည့်အတိုင်း ထယ်ယောင်းကဟင်းရည်ကိုခတ်သောက်လိုက် ၊ ထမင်းတွေကိုအားရပါးရစားနေပေမယ့် ဒီညီအစ်ကိုနှစ်ယောက်ကြားစားလိုမဝင် ဖြစ်နေသော ဟိုဆော့ ။

"ဟူးးး!!!"
မနေနိုင်သည်အဆုံး
သက်ပြင်းရှည်တခုသာချရင်း
ဟင်းခွက်တချို့ကိုယူကာ စားပွဲဝိုင်းမှထရပ်မိတော့။

"ပြန်ထိုင် ဟိုဆော့
ဘယ်မှသွားစရာမလိုဘူး!!"

"ဟုတ်တာပေါ့
ကျတော်က အကိုရဲ့ညီအရင်းမှမဟုတ်တာ
ဘယ်ဂရုစိုက်စရာလိုပါ့မလဲ!!

ဘယ်အချိန်ထဲက ထမင်းစားခန်းထဲရောက်နေမှန်းမသိတဲ့ဆော့ဂျင်က နင့်နင့်သီးသီးပြောဆိုလာခဲ့သည်မို့ တားမြစ်သည့်အနေနဲ့ဝင်ပြောရန်ပြင်ပေမယ့်။

"ကင်မ်ဆော့ဂျင်!!!"

လက်ထဲကဇွန်းကို လွှင့်စင်သွားသည်အထိ
ပြစ်ပေါက်လိုက်ရင်း မတ်တပ်ထရပ်လာသော ထယ်ယောင်းသည် ဒေါသတကြီး
ဆော့ဂျင်နမည်ကိုခေါ်လာခဲ့သည်။

"မဟုတ်လို့လား!!
ကျတော်သာ အကိုထယ်ယောင်း ညီအရင်း
ဖြစ်ခဲ့ရင် ကျတော်အခုလို ခံစားနေရတာကို
ဒီတိုင်းထိုင်ကြည့်နေမယ်တဲ့လား!!"

Don't darling me  Where stories live. Discover now