-5-

1.9K 325 35
                                    

ဒုန်း~~

စားပွဲပေါ် ဝီစကီခွက်ကို ခပ်ပြင်းပြင်းနဲ့ စောင့်ချလိုက်တော့ ဘားပိုင်ရှင်ဖြစ်သူ မျက်ခုံး ခပ်လှုပ်လှုပ်ဖြင့် အနားရောက်လာသည်။

"ဟိတ်ကောင်~ ဖြေးဖြေး
ငါစားပွဲ ၊ ငါခွက်  ပျက်စီးကုန်တော့မယ်!!"

သူဘာမှ မဖြေဘဲ ကုန်သွားတဲ့ခွက်ထဲ
ထပ်ဖြည့်ဖို့အရိပ်အမြွက်ပြမိတော့ ခွက်ကိုယူလိုက်တဲ့ ဘားပိုင်ရှင်ဟာ မေးခွန်းတပုံထုတ်လာတော့သည်။

"မင်း ဒီနေ့ တခုခုဖြစ်လာတယ်မလား?
ဒီနေ့အရမ်းကိုထူးဆန်းနေတာ'~
ဧကန္တ မင်းခင်ပွန်းလေးကို လွမ်းနေလိုများလား? မဖြစ်နိုင်ဘူးဘဲ~~
သေသွားတယ်ဆိုတာတောင် မျက်ရည်တစက် မကျခဲ့တဲ့လူက ဘယ်လိုလုပ်ပြီး သတိရမလဲ~~
အင်းးးးး ဒါဆို ဘာသောကတွေ~~"

"ဟုတ်တယ်~~ကင်မ်ဆော့ဂျင်ကြောင့်!!"

"ဘာ!!"

ခွက်ကိုကိုင်ပြီး ထပ်ဖြည့်ဖို့ကြာနေသည်မို့
စိတ်မရှည်တော့ဘဲ ပုလင်းလိုက်သာ ဆွဲယူရင်း မော့ချမိလိုက်သလို စိတ်ပေါက်ပေါက်ဖြင့် လေသံတွေကျယ်မိကာ...

"ကင်မ်ဆော့ဂျင်ကြောင့်!!
အာ့ ကင်မ်ဆော့ဂျင်က ငါကို အခုထိ
အနှောက်ယှက်ပေးနေတုန်း~~ စိတ်ဒုက္ခပေးနေတုန်း!!!"

သူပြောသည့်စကားကို သိပ်နားလည်ပုံမရသော ဘားပိုင်ရှင်လေးဟာ သူဘေးနားလာထိုင်ရင်း သူလက်ထဲက ပုလင်းကိုဆွဲယူကာ
ခွက်ထဲ‌ငှဲပေးလာသလို တွေးစစဖြင်။

"ရှင်နေတုန်းက မင်းက သူကို
စိတ်ဒုက္ခပေါင်းစုံပေးထားတာကိုး!!
သူသေသွားတော့ မင်းကို ပြန်ပြီး~~
ဟင်!!!
သရဲ!! ဧကန္တ ဆော့ဂျင်က မကျွတ်မလွှတ်
သေးဘဲ မင်းအနားကို~~ အမေရေ!!!"

"ကင်မ်နမ်ဂျွန်း ~~တော်တော့!!"

ဘားပိုင်ရှင်ဖြစ်သူကို ဘုဆက်ဆက်ကြည့်ကာပိတ်ဟောက်လိုက်ရင်း
အနားသို့ရောက်လာသူက ဝိတ်တာ ဝတ်စုံနှင်ကောင်လေး ။
ထိုကောင်လေးလာသည်နှင့် ဘားပိုင်ရှင်ဖြစ်သူက လက်တွေဆုပ်ကိုင်လာတော့
'ခန္ဓာကိုယ်ကြီးမှအားမနာဟုသော' မျက်နှာဘေးဖြင့်ကြည့်လိုက်ရင်း လက်တွေကိုဆွဲ
ဖယ်လိုက်သလို။

Don't darling me  Where stories live. Discover now