-8-

2K 293 31
                                    

လေးလံနေသောမျက်ဝန်းတွေကို အားယူကာဖွင့်မိချိန် အလင်းရောင်ခပ်ဆူးဆူးကိုဦးစွာ
ဆုံတွေ့လိုက်ရလို မျက်လုံးအစုံကို ပြန်မှိတ်လိုက်ရသည်။

"ဂျင်လေး သတိရပြီလား?"

သူကိုစိုးရိမ်စွာဖြင့်မေးမြန်းလာသည်စကားသံနဲ့အတူ အလင်းတွေမှိန်ပြသွားသည်။ဒီတော့မှ သူမျက်ဝန်းတွေကို အားယူကာဖွင့်ကြည့်မိတော့ သူရှိနေရာ ကုတင်ဘေးတွင်ရပ်နေသော အကိုထယ်ယောင်း ။

သူရှိရာကုတင်ဘေးတွင် တစောင်းလေးထိုင်နေသော အကိုခင်ပွန်း။

"သက်သာရဲ့လား!! ဂျင်လေး!!"

မူးနောက်နောကါဖြစ်နေသေးပေမယ့်
သူခေါင်းကိုအသာငြိမ့်ပြမိလိုက်တော့။

"ဆရာဝန်ပြောတာ မင်းအစားအသောက်မစားလို သွေးအားနည်းပြီး သွေးပေါင်တွေမတရားကျနေတာတဲ့~~ ဒါကြောင့် အာဟာရရှိတာများများစားရမယ်လိုလည်း ဆရာဝန်ကမှာသွားတယ် !! ဒါကြောင့် အကို ဆန်ပြုတ်လေးသွားပြုတ်ခဲ့မယ်နော်!!"

အကိုဟိုဆော့က စကားအရှည်ကြီးပြောပြီးသည်နှင့်အခန်းထဲမှထွက်သွားလို
အကိုထယ်ယောင်းနဲ့သူသာကျန်ခဲ့သည်။

အပြစ်လုပ်ထားသူမို့ အကိုမျက်နှာကိုမကြည့်ရဲဘဲ ခေါင်းငုတ်ထားမိတော့ သူကုတင်ဘေး
ဝင်ထိုင်လာခဲ့အကိုက။

"ငါတို့ကို အခုလို စိတ်ပူရအောင်လုပ်တာ
ပျော်လား ဆော့ဂျင်?"

အဖျားခတ်သွားတဲ့ အကို့အမေးကို
သူမဖြေမိသလို အကိုမျက်နှာကိုလည်းမကြည့်မိပါ။
ခေါင်းကိုသာ ငုတ်ထားမိတော့
အကြောဆေးသွင်းထားသည့်သူလက်လေးကို အကိုကဆုပ်ကိုင်လာခဲ့သည်။ ထိုနွေးထွေးသော လက်တစုံဖြင့်။

ဂေဟာမှူး၏မျိုးရိုးကိုအသုံးပြုနေရာမှ ကင်မ်မျိုးရိုးအဖြစ်ပြောင်းလဲခဲ့သည်အထိ အားကိုးတကြီးဆုပ်ကိုင်ခဲ့ဖူးသော
နွေးထွေးလှတဲ့လက်တစုံ။

ထိုလက်လေးကြောင့် လူစိမ်းတွေနဲ့မရင်းနှီးခဲ့တဲ့သူ ဂေဟာမှ ထွက်လာနိုင်သည်အထိ
သတ္တိတွေရခဲ့ဖူးသည်။

အကိုမျက်နှာကို မဝံ့မရဲမော့ကြည့်မိတော့
အကိုလက်တွေဟာ သူပါးပြင်ထက် မျက်ရည်စတွေကို သုတ်ပေးလာခဲ့သလို
နှုတ်ခမ်းစပ်နား ကွဲရှနေသော ဒဏ်ရာလေးကိုခပ်ဖွဖွထိတွေ့လာခဲ့သည်။ သို့ပေမယ့်

Don't darling me  Where stories live. Discover now