-2-

2.5K 354 43
                                    

ရက်ပေါင်း ၇၀---
တနည်း နှစ်လနဲ့ ၁၀ရက်။

ဆော့ဂျင်ပျောက်ဆုံးသွားသည်က ယနေ့နဲ့ဆို
ရက်ပေါင်း-၇၀ရှိသွားချေပြီ။
ဟုတ်သည်။ သူအတွက်တော့ ဆော့ဂျင်ဟာ
ပျောက်ဆုံးနေသည်လိုပဲ ခံယူထားခဲ့တာ..

ဆော့ဂျင်ခန္ဓာကိုယ်ကို အခုထက်ထိတိုင်ရှာမတွေ့သေးသလို သံသယဖြစ်ဖွယါအလောင်းတွေဟာလည်း သူညီငယ်လေးမှ မဟုတ်ခဲ့တာ။
ဒါတွေကို သူကိုယ်တိုင်အတည်ပြုပြီးခဲ့ပြီ။

မုန်တိုင်းရှိနေသောအချိန်ကာလမို့ ဆော့ဂျင်ရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိရန်မလွယ်ကူတော့တာမို့ သေလူအဖြစ်သာ သတ်မှတ်ရန်ပြောလာကြပေမယ့် ထိုလူတွေကို ရန်လုပ်ခဲ့မိသည်။

သူယုံကြည်တယ် ။
သူညီလေး တနေရာရာမဟုတ်~~
တနေရာရာမှာ ကောင်းမွန်စွာရှိနေလိမ့်မယ်ဆိုတာကို။

သူခေါင်းထက်က နူးညံတဲ့အထိအတွေ့လေးကြောင့် မျက်လုံးတွေဖွင့်မိတော့ သူအိပ်နေပျော်နေခဲ့မိတာ စားပွဲခုံတခုထက်။
သူဘေးမှာထိုင်ရင်း ဆံပင်တွေကို သပ်ပေးနေသော ဟိုဆော့။

သူအတွေးလွန်ရင်းက မှေးမိသွားတယ်ထင်ပါရဲ့
ဟိုဆော့အနားရောက်လာသည်ကိုပင် သတိမရှိမိခဲ့။

"အခန်းထဲမှာ အနားယူလိုက်ပါလား ထယ်!!"

ဖိအိပ်မိခဲ့လို့ ကျင်တက်သွား သော လက်ကို ဖိနှိပ်မိရင်း ကိုယ်ကိုမတ်မတ်ထိုင်လိုက်တော့
ဟိုဆော့က သူ့မျက်နှာကိုသပ်ပေးလာရင်းပြောသည်။

"ကိုယ်အဆင်ပြေပါတယ် ဆော့ဂါး
ဒါနဲ့ ဘာသတင်းကြားရသေးလဲ?
ကိုယ်ဖုန်းလာသေးလား?"

စားပွဲပေါ်ဖုန်းကို စစ်နေတဲ့ ထယ်ယောင်းကိုကြည့်ပြိး ဟိုဆော့ သက်ပြင်းငွေ့ငွေ့ချမိသည်။

"မိနစ်၂၀ ~~
မင်းအိပ်ပျော်သွားတာ
မိနစ်၂၀တောင်မပြည့်သေးဘူး ထယ်!!"

ထယ်ယောင်းလက်သွယါသွယ်ထက်က
ဖုန်းကို ဆွဲယူလိုက်ရင်း သူလက်တွေကိုအစားထိုးလိုက်သလို။

" ~~ ၃လပြည့်တော့မယ် ထယ်
မင်း ဆော့ဂျင်ကိုရှာဖို့ တခုထဲအတွက်
အအိပ်မမှန် ၊ အစားမမှန်ဖြစ်နေတာ~~
ကြာရင် မင်းပါ ကျန်းမာရေးထိခိုက်တော့မယ် "

Don't darling me  Where stories live. Discover now