-19-

1.7K 324 31
                                    

"ဂျင်လေးးး ဂျင်လေးရေ!!"

မြေးဖြစ်သူကိုမတွေ့သဖြင့် သောင်းကျန်းနေသော အဘွားမီလနိးကို ဆိုဘင်းလိုက်ထိနိးနေပေမယ့် မနိုင်ပါ။

"ငါမြေးဘယ်မှာလဲလို ချွဲဆိုဘင်းးး !!"

တအိမ်လုံးဗြောင်ဆန်အောင်လုပ်လိုအပြီးမှာတော့  မမှီမကမ်းဖြင့်သူအကျီစတွေကိုစောင့်ဆွဲလာတော့သည်။

"ကျတော်ပြောပြနေတယ်လေ အဘွားရယ်
ဂျင်ဝူ အလုပ်သွားလုပ်တယ်လို!!"

အဘွားစိတ်တိုင်းကျ ခါးလေးကိုင်းပေးရင်း
စောင့်ဆွဲသမျှ ငြိမ်ခံနေလိုက်တော့ အိမ်အရှေ့ပြေးထွက်သွားတဲ့အဘွားဟာ ငိုယိုလာရင်း။

"မဟုတ်ဘူးးး ပင်လယ်က
ဂျင်ဝူကို ပြန်ခေါ်သွားနေတာ ငါမြေးလေးကို
ပြန်ခေါ်သွားနေတာ ဟုတ်တယ်မလား!!"

"မဟုတိပါဘူးဆို ၊ ဂျင်ဝူက အလုပ်ကိစ္စနဲ့
ဆိုးလ်ကိုသွားနေတာ !!"

အခါတစ်ရာမက ပြော‌ေနခဲ့ရသည့်စကားလုံးကိုထပ်ပြောရင်း သူငိုချင်လာသည်။

"ဆိုးလ်? ဆိုးလ်ထိ?"

ဒီတခါတော့ စိတ်ငြိမ်သွားပုံရတဲ့အဘွားဆီက
ထွက်ပေါ်လာတဲ့စကားသံကြောင့် ။

"အင်းး စားသောက်ဆိုင်က ဖွင့်လိုမရတော့လို
ဂျင်ဝူက အလုပ်သစ်ရှာနေခဲ့တာ ကြာပြီ။
အခုဆိုးလ်မ‌ှာရှောက်ထားတဲ့
အလုပ်ကခန့်လိုက်ပြီဆိုလို ဂျင်က  အမြန်သွားလိုက်ရတာ ၊ အဘွားကိုပြောပြရင် အဘွားက အခုလို
ငိုနေမှာမို့ အဘွားအိပ်နေတုန်း သွားလိုက်ရတာတဲ့!!

ကဲ ငိုလဲမငိုနဲ့တော့ ၊ စိတ်လည်းမပူနဲ့တော့နော်
ဂျင်ဝူက အလုပ်ပြီးတာနဲ့ video callနေတိုင်းခေါ်မယ်ပြောတယ် !!"

"အာတာ မျက်နှာမြင်စကားပြောတဲ့ဟာလားး!!"

''အင်းး အာတာကြောင့် ထမင်းစားရအောင်နော်!!"

"ဘယ်တော့ပြန်လာမှာလဲ ငါမြေးလေးက !!"

"အင်းး အာတာက တလ တခါမဆိုလာမယ်တဲ့ !!"

"ကြည့်ကြသေးတာပေါ့
မလာလိုကတော့ မင်းလက်ကိုဆွဲပြီး
ဆိုးလ်ကိုခေါ်သွားခိုင်းမှာ ၊ အာ့အလုပ်ရှင်ဆိုတဲ့လူကိုလည်း အသေသတ်မှာ!!"

Don't darling me  Where stories live. Discover now