အခန်း(၃)
ပန်းနုရောင်ဇာခါးတင်အကျီလက်တိုလေးနဲ့ အမည်းခံပေါ်တွင်ပန်းနုရောင်ချိတ်ပွင့်မျာူပါသောချည်လုံချည်ကို တွဲဝတ်လိုက်၏။
ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့်မြှောက်စည်းလိုက်တော့ သူမ၏အလှပြင်ချင်းကပြီးဆုံးသွားသည်။သနပ်ခါးမှူန်မှူန်လိမ်းထားပီး နူတ်ခမ်းနီပါးပါးလေးသာတင်ထားသော မျက်နှာလေးမှာ နုမွှတ်လျက်။
နွယ်က မိတ်ကပ်လိမ်းရသည်ထက်သနပ်ခါးလိမ်းရသည်ကိုပိုခုံမင်သည်မို့ နွယ့်ကိုကြည့်လိုက်တ်ုင်း မျက်နှာလေးက ကြည်လင်အေးမြ၏။မဟာဆန်ပြီးရိုးရှင်းသော မိန်းကလေးမှန်းသိသာစေသည်။
အိမ်အောက်ထပ်ကိုဆင်းလာရင်း..."မေမေရေ နွယ် သွားတော့မယ်နော်"
"မနက်စာစားသွားအုန်းလေသမီးနွယ်"
"မစားတော့ဘူးမေမေ နွယ်စျေးထဲကပဲဝယ်စားလိုက်တော့မယ် နောက်ကျနေလို့"
"အဲ့ဆို သတိထားသွားနော်"
"ဟုတ် မေမေ"
မေမေ့ကိုနူတ်ဆက်လျက် ဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။
နွယ်တို့မြို့မှာက ကားထက်ဆိုင်ကယ်စီးသူပိုများ၏။
ပျိုပျိုအိုအို ဆိုင်ကယ်ကိုယ်စီနှင့်ပေါ့ပေါ့ပါးပါးသွားလာတတ်ကြသည်။အနိုင်တို့ခြံရှေ့အရောက်..
"အိုး..ကုန်ပါပီ"
ခြံဝကဘွားခနဲထွက်လာသောအနိုင့်ကို မြင်လိုက်ရတော့ သူမအလန့်တကြားအော်လျက်
ဆိုင်ကယ်ပေါ်ကနေ ခြေဖျားလေးထောက်ပြီးရပ်ပစ်လိုက်ရင်း"လန့်လိုက်တာ အနိုင်ရယ် ဒီတိုင်းထွက်လာရသလား တိုက်မိကုန်ရင်ဖြင့်"
"ဆိုင်ကယ်သေချာကောစီးတတ်ရဲ့လား မမ"
"အမယ် စီးတတ်လို့ပဲစီးနေသားပဲ နင်မမြင်ဘူးလား"
သူမရဲ့ခပ်ဆတ်ဆတ်ပြောသံလေးကြောင့်
သူခပ်ချဥ်ချဥ်ပြုံးလိုက်ပြီး"ဟွန်း မြင်ပါတယ် ကလေးလိုမရဲတရဲစီးနေတာ"
"အနိုင် ရန်လာမစနဲ့နော် နင်ပဲအသံမပေးဘာမပေးဘဲထွက်လာပီးတော့"