အခန်း(၁၀)
အိမ်ကိုရောက်တော့ သားအမိနှစ်ယောက်ဖက်ကာငိုမိ၏။
သူမအား ဘာအပြစ်တင်စကားမှမဆိုတော့ ပိုလို့ဝမ်းနည်းရသည်။
အချိန်တွေလွန်ကုန်တာမို့ အပြစ်တင်လဲဘာမှဖြစ်မလာဟု မေမေတွေးနေပုံရသည်။
တစ်ဦးတည်းသောသမီးလေးမို့ နှမျောသော်လည်း အရာအားလုံးက ကံဇတ်ဆရာအလိုကျ ......ဖေဖေနှင့်မေမေ့ကို
အနိုင့်ဖေဖေကကျေနပ်လောက်အောင်တောင်းပန်သလို အနိုင့်ဆီကတောင်းပန်မှူရယ်ရိုကျိုးမှူရယ်ကိုလည်းရရှိ၏။
သူမအားကောင်းမွန်စွာစောင့်ရှောက်မည်ဟူသော ကတိနှင့်အတူ အရာအားလုံးကိုသင်ပုန်းချေလိုက်တော့သည်။မဂင်္လာပွဲအား လျင်မြန်စွာစီစဥ်လိုက်ရပေမယ့် အားလုံးကိုအကွက်စေ့ထောင့်စေ့အောင် အနိုင်ကသေချာသူ့စိတ်ကြိုက်ပြင်ဆင်သည်မို့ ခမ်းခမ်းနားနားပင်ပြီးဆုံးသွားသည်။
ညနေဘက်က လူငယ်သီးသန့်dinner partyမို့
မီးရောင်အောက်တွင် အဖျော်ယမကာအစုံဖြင့် DJ musicသံတို့က မြူးကြွလျက်....သူမအားဝတ်ဖို့ပေးခဲ့သော အဖြူရောင်dressလေးအားကြည့်ကာ နွယ်စိတ်အိုက်နေမိသည်။
ဝတ်လိုက်တော့ ခန္ဓာလှလှလေးပေါ်တွင် အဖြူရောင်နိုင်ငံခြားဖြစ်ခရစ်စတယ်ကျောက်အလှတို့ဖြင့်ချုပ်ထားသော ဝတ်စုံလေးက ချပ်ကပ်နေ၏။
ပြည့်တင်းလှပသော ကိုယ်နေဟန်လေးကာနွဲ့နှောင်းကာ ရင်ဘတ်လှလှလေးကိုလည်း တစ်စွန်းတစ်စ လှစ်ဟပြထားသည်မို့ နေရခက်နေမိသည်။ဝတ်နေကျမဟုတ်တာမို့ ဒီလိုရင်ဟိုက်နေသည့်ဝတ်စုံဖြင့် နေသားမကျဘဲစိတ်အိုက်နေသည်။
နွယ့်မျက်နှာလေးမှာ စူပုတ်ပုတ်လေးဖြစ်နေ၏။"လှလိုက်တာနွယ်ရယ် ကြည့်ပါအုန်း ဒီလိုခေတ်ဆန်တာလေးနဲ့မမြင်ဖူးလို့လားဘဲ
နင်နဲ့အရမ်းလိုက်တာပဲ"သူမအားပြုံးလျက်ကြည့်ကာဆိုလာသော ခိုင်ဆွေ့စကားသံကြောင့် နွယ်မျက်နှာလေးရှက်ရိပ်သမ်းသွားရသည်။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
ခြံထဲသို့ဆင်းလာလိုက်သောအခါ
အဖြူရောင်အနောက်တိုင်းဝတ်စုံဖြင့် မီးရောင်အောက်တွင် ခန့်ညားချောမွေ့နေသော အနိုင့်အားတွေ့ရသည်။