အခန်း(၁၃)
အခန်းထဲရောက်သည်နှင့် တံခါးအားဂျက်ချလိုက်ကာ သူမခါးလေးအားစွေ့ခနဲပွေ့လိုက်ပြီး သူ့အလုပ်စားပွဲပေါ်သို့တင်ပေးလိုက်တော့...
"အို ဘာလုပ် အွန်း"
နူတ်ခမ်းလေးအားဖိနမ်းလိုက်တာမို့ သူမ မျက်လုံးလေးဝိုင်းလျက် အံ့သြသွားရသည်။
"အရမ်းလွမ်းနေတာ မမကို အမြဲပွေ့ဖက်ထားချင်တယ်"
မွတ်သိပ်သောအနမ်းတိူ့နှင့်အတူ ဗလုံးဗထွေးစကားသံတို့ဖြင့် သူမအားနမ်းကာစကားဆိုလာသောသူ့ကြောင့် သူမမှာစိတ်လှူပ်ရှားရ၏။
စားပွဲစွန်းအားဖိကိုင်ထားသောသူမလက်လေးတွေကိုဆွဲယူကာ သူ့လည်တိုင်တွင်တွဲခိုေစသည်။
ထို့နောက်သူ့အနမ်းတို့အား ရှေ့ဆက်ပြန်၏၊ပါးတိတ်အကျီင်္ လက်ပြတ်လေးဝတ်ထားသောသူမ၏လုံးဝန်းနေသော ပုခုံးစွန်းလေးပါမချန် သူ့အနမ်းတို့ လည်တိုင်နုနုလေးဆီမှတစ်ဆင့် ရင်ညွန့်လေးဆီသို့ နယ်ချဲ့လာသည်မို့.....
"အွန်း အနိုင် ဖယ်ပါအုန်း "
သူမ၏စကားသံကြောင့် သူ့ခေါင်းပြန်မော့လာကာ သူ့မျက်ဝန်းတို့က ရီဝေရွှန်းလဲ့နေသည်။
"ကျနော့်ကို လွမ်းလား"
သူကျလွမ်းပါသည်ဟု မဆိုဘဲ သူမအား လွမ်းလားဟုမေးနေသောသူ့အား မျက်စောင်းလေးထိုးလိုက်ပြီး...
"အို ဖယ်ပါ မသိဘူး"
"ဘာမသိဘူးလဲ မရဘူးဗျာ လွမ်းတယ်မပြောရင် ဒီနေရာမှာတင် ချစ်ပစ်မှာ"
"ကြည့်စမ်း မင်း"
မျက်လုံးလေးပြူးလျက်သူ့ရင်ဘတ်အားထုလိုက်တာမို့ သူပြုံးသွားရကာ သူမခါးလေးအား သူ့လက်ဖြင့်အသဲယားစွာဖျစ်ညှစ်လိုက်တော့ ရင်ဘတ်မို့မို့လေးမှာကော့တက်သွားလျက်...
"အင့် အနိုင်နော် အရမ်းကဲမနေနဲ့ ဖယ်တော့"
မျက်နှာလေးရဲကာရုန်းနေသောသူမအား ချစ်စနိုးကြည့်ကာ စားပွဲပေါ်မှအောက်သို့ချပေးလိုက်သည်။
တွန့်ကြေကုန်သောအဝတ်တို့အား ဆွဲဆန့်ပြုပြင်ကာ ရှေ့မှတောက်ဆတ်ဆတ်လေးထွက်သွားသော သူမ၏ပြည့်တင်းလှပသောကိုယ်ဟန်လေးအား မြတ်နိုးမဝစွာ ငေးလျက်သူလိုက်ပါလာတော့၏။