အခန်း(၂)
ငယ်ငယ်ကဂျစ်ကန်ကန်ကောင်လေးက အခုတော့ကြည့်စမ်းပါအုန်း
မြင့်မားထွားကျိုင်းလာလိုက်တာများ
အနိုင်ရယ်လေ ကြီးသွားလိုက်တာ
နွယ့်ထက်ခေါင်းတစ်လုံးစာလောက်မြင့်သည့်အရပ်ရယ် မျက်ခုံးတွေကထူတန်းနေလျက် ညိုတဲ့အသားအရေရယ်
နူတ်ခမ်းတွေကိုခပ်တင်းတင်းစေ့ပိတ်လျက် လူကိုရှူတည်တည်ကြည့်ပုံကတော့ အရင်အတိုင်းမပြောင်းလဲပေ။"ဒါလား အဝေးကပြန်လာတဲ့အမကိုကြိုဆိုတာ"
"မကြိုဆိုဘူး ပြန်တော့"
"ကြည့် နင်နော်"
နွယ်မျက်စောင်းထိုးပီးကြည့်တော့ ခပ်တည်တည်ပြန်စိုက်ကြည့်နေပြန်သည်။
"လေးလေးကော အနိုင်"
"မြို့ထဲကဆိုင်သွားတယ် ဖေဖေ့ကိုတွေ့ချင်တာလား အာ့ဆိုညနေမှလာခဲ့
ခုအိမ်မှာ ကျနော်ရယ် ဒေါ်ကြီးတင်ရယ်ပဲရှိတာ""နှင်နေတာလား ခုထိမမကိုအိမ်ထဲကိုမခေါ်သေးဘူးနော်အနိုင်"
"ခေါ်ရအောင် မမက ဧည့်သည်လား "
"ခုထိစကားအကောင်းမပြောသေးဘူး
ကောင်စုတ်လေး အရင်အတ်ုင်းပဲ"သူမကိုကျော်လျက် ရှေ့ကနေအိမ်ဘက်ဆီလျှောက်သွားသောအနိုင့်နောက်ကနေ လိုက်လာခဲ့သည်။
"ဟယ် နွယ်လေး "
မီးဖိုချောင်ဘက်ကထွက်လာသောဒေါ်ကြီးတင် နွယ့်ကိုမြင်တော့တအံ့တသြနူတ်ဆက်သည်။
"ကြီးတင် နေကောင်းတယ်မလားဟင် နွယ်သတိရနေတာ "
ပါးဖောင်းဖောင်းပေါ်ကသနပ်ခါးဖွေးဖွေးတို့ရယ်
ဝဖိုင့်ဖိုင့်ဖြူဖွေးဖွေးဒေါ်ကြီးတင်က နွယ်တို့ငယ်ငယ်ကအတိုင်းပြုံးချိုလျက်။"အမလေး နွယ်လေးရယ် ကြီးတင်ကလည်းသတိရနေတာ ကြည့်ပါအုန်း
ခလေးကလှလာလိုက်တာကွယ် ဆံပင်ကြီးတွေကလည်းတင်ပါးထိတောင်ရောက်နေပါကောလား "နွယ်ရှက်ပြုံးလေးနဲ့ကြီးတင်ရဲ့ချီးကျူးမှူကိုနားထောင်နေလျက် အနိုင့်ဘက်ကိုဝေ့ကြည့်လိုက်တော့ ဧည့်ခန်းကဆိုဖာပေါ်ထိုင်ပြီးနွယ့်ကိုခပ်တည်တည်ကြည့်နေသည်ကိုတွေ့ရသည်။