အခန်း(၁၁)
မနက်မိုးလင်းလို့ ဘေးဘက်ကိုစမ်းလိုက်တော့ ဘေးမှာလစ်ဟာနေသည်ကိုသိလိုက်ရသည်။
မျက်လုံးဖွင့်ကာကြည့်လိုက်တော့ သူမ မရှိတော့ပေ။ဒီအားဂျီးမားကတော့ အစောကြီးထသွားပြန်ပြီ ကျွတ်
ကုတင်ပေါ်မှဆင်းကာရေချိုးခန်းထဲဝင်လိုက်၏။
ရေမြသောရေစက်တို့က သူ့ခန္ဓာကိုယ်ပေါ်သို့ဖြာကျလာကာ နွမ်းနေသောစိတ်တို့လန်းဆန်းလာသည်။
ညကအဖြစ်ကိုသတိရမိတော့ အနိုင့်နူတ်ခမ်းတို့ပြုံးသွားရကာ...အဟွန်း ခင်ဗျားဟာလေ မထုံတတ်တေးနဲ့ သူများကိုလူဆိုးဖြစ်အောင်လုပ်တတ်တဲ့အဒေါ်ကြီး
မွှေးပျံ့သောသနပ်ခါးရနံ့တို့ကိုသတိရတော့စိတ်မှာဖျင်းခနဲဖြစ်ကာ သူမအားလွမ်းမိသွားရပြန်သည်။
တစ်အိမ်တည်းနေရင်းနဲ့တောင် လွမ်းစိတ်ပေါ်နေသောကိုယ့်ကိုယ်ကိုတွေးမိကာ အနိုင်ခေါင်းကိုသာခါယမ်းလိုက်မိတော့၏။🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
ဆံပင်ရှည်တို့အားအနောက်တွင်စုစည်းကာ စံပယ်ပန်းခက်လေးတစ်ခက်ကိုလည်း ပန်ဆင်ထားသေး၏။
မီးဖိုချောင်တွင်အလုပ်ရှူပ်နေသော သူမ၏နောက်ကျောလှလှလေးအား သူ နောက်ကနေသွားပွေ့လိုက်တော့"ဟင် "
သမင်လည်ပြန်လေးမော့ကြည့်လိုက်တော့ သူ့အားတွေ့သွားသည်။
"နိုးပီလား"
မျက်နှာတည်တည်လေးဖြင့်မေးလာသောကြောင့်
"အင်း"ဟုသူဆိုလိုက်ကာ ပါးပြင်လေးအားမွှေးကြူလိုက်၏။
"မွ"
"ကြည့်စမ်း "
မျက်လုံးပြူးလေးဖြင့်မော့ကြည့်လာသောသူမအား မျက်စိတစ်ဖက်မှိတ်ပြကာ
"ဘာလဲ မကျေနပ်ဘူးလား မကျေနပ်ရင်ပြန်နမ်း အင့်"
သူမအားပြုံးစိစိကြည့်ကာ သူ့ပါးအားအတင်းထိုးပေးနေပုံက အရင်ကမျက်နှာထားတင်းတင်းနှင့်နေတတ်သော မင်းမနိုင်ပုံစံနှင့်တခြားစီပင်။
သူမမျက်စောင်းလေးထိုးလိုက်ပြီး