မောင့်အချစ်ဦး( unicode)Ep 6

1.4K 44 6
                                    

အခန်း(၆)

"ဒီနေ့ သမီးစျေးကိုမသွားနဲ့တော့နော်
ကောင်မလေးတွေနဲ့လွှတ်ထားလိုက် အေးမာလည်းရှိသားပဲ"

မေမေ့စကားကြောင့် ခရေပန်းသီနေသော နွယ့်လက်လေးတွေရပ်သွားရသည်။

"ဟင် ဘာလို့လဲမေမေ"

"ဒီနေ့သမီးဖေဖေတို့ရုံးက
သမီးဖေဖေရဲ့မိတ်ဆွေတို့မိသားစုကို ထမင်းစားဖိတ်ထားတယ်လေ အဲ့တာသမီးရှိနေတော့ မေမေ့ကို ထမင်းဟင်းချက်ကူပေးပေါ့"

"အော် ဟုတ်မေမေ အဲ့တာဆိုလည်း နွယ်ဒီနေ့မသွားတော့ဘူး အေးမာကိုတော့ဖုန်းဆက်ထားလိုက်မယ် ဒါနဲ့ ချက်ဖို့ဟင်းတွေကော ရှိရဲ့လားမေမေ"

"အင်း ရမှာပါ မေမေလည်းမနေ့ညကမှပဲ သမီးဖေဖေပြောတော့ ဘာမှသေချာမပြင်ဆင်ထားမိဘူး"

မေမေ့စကားသံကြောင့် နွယ် တိုင်ကပ်နာရီကိုတစ်ချက်မျှလှမ်းကြည့်လိုက်ကာ....

"ခုမှမနက်၈နာရီပဲရှိသေးတာ ဆိုတော့ နွယ်စျေးကိုခဏလိုတာတွေသွားဝယ်လိုက်ရင်ကော မေမေ "

"အင်း ထမင်းစားချိန်းထားတာကလည်းနေ့လယ်မှဆိုတော့ သမီးအခုချိန်သွားရင်ရလောက်တယ် သားအမိနှစ်ယောက်ချက်မှာဆိုတော့ မြန်မှာပါ "

နွယ်ခရေပန်းထည့်ထားသော ဝါးခြင်းသေးသေးလေးအား စားပွဲပေါ်သို့လှမ်းတင်လိုက်ကာ...

"ဟုတ် အဲ့ဆိုနွယ်အဝတ်အစားသွားလဲလိုက်အုန်းမယ် မေမေ့အတွက်ခရေပန်းကိုတော့ ပြန်လာမှသီပေးမယ်နော် "

"ရတယ် ပေး မေမေ့ဘာသာသီလိုက်မယ် သမီးကအဲ့ပန်းကုံးကိုပန်သွားလိုက်"

မေမေ့အား ခြင်းလေးကမ်းပေးခဲ့ကာ အိမ်ပေါ်ထပ်သိူ့နွယ်တက်လာခဲ့သည်။

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

စျေးကအမြန်ပြန်လာကာ မေမေနှင့်ဝိုင်းကူချက်ပေးလိုက်ရင်း အားလုံးပြီးတော့မှ ရေချိုးရန်ပြင်ဆင်ရတော့သည်။

လိမ္မော်ရောင်ဝမ်းဆက်လေးဖြင့် ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်မြှောက်စည်းလိုက်ကာ ခရေပန်းကုံးလေးအား ဘေးဘက်တွင်ပန်ဆင်လိုက်၏။

မောင့်အချစ်ဦး Where stories live. Discover now