🚨မောင့်အချစ်ဦး(unicode ep12)

3.4K 83 22
                                    

အခန်း(၁၂)

ညနေစာကိုတော့ ငပလီ၏နာမည်ကြီးစားသောက်ဆိူင်တချို့တွင်စားသောက်၏။

ဂုံးကြော် ရခိုင်ငါးငရုတ်သီးချက်
ရခိုင်သဘေင်္ာသီးထောင်း၏ရနံ့မှာလည်း ငရုတ်ကောင်းနံ့တို့သင်းလျက် မျှင်ငပိဖြင့်ထောင်းထားသည်မှာ စားကောင်းလှ၏။

ရခိုင်မုန့်တီမှာတော့ နွယ်ရောအနိုင်ရော နှစ်ယောက်လုံး အကြိုက်ပင်။

ကင်းမွန် ပြည်ကြီးငါး ပုစွန်စတဲ့ပင်လယ်စာအစုံအားကင်ကာ ဆော့ဖြင့်တို့စားရသည်မှာ နူးညံ့အိစက်လျက် လတ်ဆတ်သောပင်လယ်စာတို့က တစ်သက်မမေ့စရာ။

ထို့ပြင် အာပူချက်ဟု နာမည်ကြီးလှသော ခရေမျှစ်ဟုခေါ်သော မျှစ်တို့ထည့်ကာ
ဆင်ခရမ်းသီး အာပူရွက်တို့ဖြင့်ချက်ထားသော ကြက်အာပူချက် ငါးအာပူချက်တို့မှာလည်း စားကောင်းလှ၏။

ညနေစာစားပြီးတော့ ကမ်းခြေတွင် လမ်းအတူလျှောက်ပြန်သည်။

အဖြူရောင်ဂါဝန်ရှည်ဖြင့်ဆံပင်ရှည်တို့ကိုသည်အတိုင်းဖြန့်ချထားသောသူမပုံစံလေးကနုဖတ်လျက် ။

ညရောက်တော့ မီးပုံပွဲလေးက်ုလည်း အနိုင်က ဟိုတယ်ဝန်ထမ်းတိူ့အားတောင်းဆိုထားသည်မို့ romanticဆန်ဆန် ကျင်းပပေး၏။

စပျစ်ဝိုင်၏ ရှတတအရသာက သူမအားရီဝေရစ်မူးလာစေသည်။

ရီဝေဝေဖြစ်ကာ ပါးမို့လေးနှစ်ဖက်မှာရဲတွတ်လျက် ပါးအို့နီနီလေးနှင့်သူမမှာ သိပ်ချစ်စရာကောင်းနေပြန်သည်။

တော်တော်လေးမူးနေသည်မို့ သူအသာပွေ့ချီကာ အခန်းထဲသို့ခေါ်ဆောင်လာခဲ့၏။
ကုတင်ပေါ်သို့ညင်သာစွာချလိုက်ကာ နီရဲနေသောနူတ်ခမ်းလေးအား ထွေးစုပ်ယူလိုက်တော့ သူမမျက်နှာလေးမှာမော့ကာပါလာသည်။

နူတ်ခမ်းလေးအားအငမ်းမရစုပ်ယူကာ တစ်လွှာချင်း မြတ်နိုးမဝစွာနမ်းနေမိသည်။
အနမ်းတို့က ခြေဆန့်ကာ လည်တိုင်ကျော့ကျော့လေးတို့မှတစ်ဆင့် ရင်သားလေးဆီသို့အခြေချချင်သည်မို့
သူမအဝတ်တို့အား လျင်မြန်စွာသူဆွဲချွတ်လိုက်၏။

မောင့်အချစ်ဦး Where stories live. Discover now