အခန်း(၇)
"မမ"
"ဟင် ပြောလေ အနိုင်"
"သကြင်္န်လည်ဖို့လိုက်ခဲ့မလား"
"ဟင့်အင် မမအဲ့လိုလူရှူပ်ပြီးဆူညံနေတာမျိုးမကြိုက်ဘူး ပြီးတော့ ရေစိုရတာလည်းမကြိုက်ဘူး
မလိုက်တော့ဘူးနော်""ဟာ သကြင်္န်ပါဆိုမှ ရေစိုမှာပေါ့
သကြင်္န်မှာရေစိုရတဲ့ဖီလင်မှမိုက်တာ ""အော် မမမှမကြိုက်တာကို "
မျက်မှောင်လေးတွန့်လျက်ဖြေနေသောသူမကိုကြည့်ရင်း အနိုင်အကြံတစ်ခုရသွားကာ ခပ်ချဥ်ချဥ်ပြုံးလိုက်သည်။
"အိုခေလေ အဲ့ဆိုအတင်းမခေါ်တော့ဘူး ဒါပေမယ့်....."
ဒါပေမယ့်ဟုဆိုကာ သူမလက်ကလေးကိုဆွဲယူလိုက်ပြီး အိမ်ရှေ့ပန်းခင်းဘက်သို့ခေါ်လာ၏။
မျက်လုံးလေးဝိုင်းလျက် ဘာလုပ်မှာပါလိမ့်ဟူသော အတွေးဖြင့် ကြောင်တောင်တောင်လေးပါလာသောသူမက အနိုင့်ကိုငေးကြည့်ကာ ဇဝေဇဝါဖြစ်နေပုံလေးက ချစ်စဖွယ်၊။
ပန်းပင်ရေလောင်းရန်ထားသော ရေပိုက်ကိုကိုင်ကာမှ သူမ အနိုင့်အကြံကိုသဘောပေါက်သွားရကာ မျက်လုံးလေးပြူးလျက်....
"ဟာ အနိုင် ဟင့်အင်နော် မလုပ်နဲ့"
သူ့လက်ကိုအတင်းဖြုတ်ချနေသောသူမကိုကြည့်ကာ သူရယ်လျက်.,,
"မရဘူး ရေမစိုရတာကြိုက်လဲ မစိုလို့မရဘူး မမကိုပထမဆုံးရေလောင်းမယ့်သူက ကျနော်ပဲ ကဲ..."
"အား "
တစ်ကိုယ်လုံးကိုရေပိုက်ဖြင့် ဖြန်းချလိုက်တာမို့ အေးစိမ့်သွားရကာ လက်ကလေးနှစ်ဖက်ဖြင့်ကာခံလိုက်ပေမယ့် သူမတစ်ကိုယ်လုံးရွှဲရွှဲစိုသွားရလေတော့သည်။
ရေစိုသွားသဖြင့် ကော့ညွတ်နေသောမျက်တောင်အလှတို့က ပိုပေါ်လွင်လာသည်။
သူမခန္ဓာကိုယ်လေးဆီအကြည့်ရောက်မှ သူမှားပြီဆိုသော အသိစိတ်ကပ်မိတော့ နောက်ကျသွားလေပြီ။ရေစိုကုန်တာမို့ ရှိူက်ဖိုကြီးငယ်အသွယ်သွယ်က ပိုကြွတက်လာကာ မျက်စိမလွှဲချင်လောက်အောင် ကောက်ကြောင်းတို့က ပေါ်လွှင်နေပေသည်။