အခန်း (၅)
မျက်လုံးက မှောင်ရိပ်သမ်းသောခပ်လှမ်းလှမ်းမှ စားပွဲဝိုင်းသို့အရောက်....
"ဟင် အနိုင်"
သူမမျက်လုံးလေးဝိုင်းလျက် အံ့သြသွားရသည်။
အကျီင်္ ရောဘောင်းဘီရောနှစ်ခုလုံးကအနက်ရောင်တွေချည်းဖြစ်ကာ တစ်ကိုယ်လုံးမှာနက်စွေးနေ၏။
တစ်ချက်တစ်ချက် နူတ်ခမ်းလှူပ်လှူပ်သွားတာမို့ ပီကေဝါးနေပုံရကာ သူ့ဘေးတွင်လည်း ကောင်မလေးလန်းလန်းတစ်ယောက်စကားပြောနေသည်။အနီရောင်တောက်တောက်အသားကပ်ဂါဝန်ကပေါင်လယ်လောက်ဖြစ်ကာ ကောက်ကြောင်းတွေကအထင်းသား ...
ဆံပင်ကိုနီညိုရောင်ဆိုးထားပြီးမျက်နှာပေါ်တွင်လည်း ကာလာစုံတို့ဖြင့် တော်တော်ချောသည့်ကောင်မလေးမှန်းသိသာစေပါသည်။အနိုင်တို့ကို သူမသေချာအကဲခတ်နေပေမယ့်
သူမကိုတော့ မြင်ပုံမကျပေ။ထိုစဥ်.....
"ဟေး နွယ် ဘာမှလဲမသောက်ပါလား"
"ခိုင်ဆွေ နင့်ကိုရှာနေတာ ငါပြန်တော့မလို့"
"ငါလိုက်ပို့ပေးပါမယ်ဆို နင်ကလဲ ရော့ပါ တစ်ခုခုစား အအေးလဲသောက် နေအုန်း ငါယူပေးမယ်"
"အေးလေ ဟုတ်သားပဲနွယ်ကလည်း ကိုယ်သူ့ငယ်ချငိးweddingမှာမို့ သူငယ်ချင်းတွေဆုံရတာကို အေးဆေးပေါ့"
စင်သီရဲ့အပြောကြောင့် နွယ်အားနာပြုံးလေးပြုံးလျက်..
"အေးပါ အဲ့ဆိုလည်း ၉နာရီလောက်မှပဲ ငါ့ကိုလိုက်ပို့ပေးနော် အရမ်းညနက်ထိငါနေလို့အဆင်မပြေလို့ အဲ့တာလေးတော့နားလည်ပေး"
အအေးနှစ်ခွက်နှင့်ရောက်လာသောခိုင်ဆွေက နွယ့်ကိုတစ်ခွက်ကမ်းပေးကာ...
"ဟုတ်ပါပြီ မိနွယ်ရယ် လိုက်ပို့ပေးမယ်စိတ်ချ ရော့ အအေးတော့သောက်သွား"
နွယ်လှမ်းယူလိုက်ရင်း တစ်ငုံနှစ်ငုံခန့်သောက်နေလိုက်ကာ စင်သီနှင့်ခိုင်ဆွေတို့ စကားပြောနေသည်ကို နားထောင်နေလိုက်သည်။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
သူမကိုရောက်စကတည်းက သူလှမ်းမြင်နေရသည်။
သူမကတော့
ခုနားကမှ သူ့ကိုမြင်ပုံရကာ တအံ့တသြဖြင့်ငေးကြည့်နေသည်ကိုလည်း မျက်လုံးထောင့်မှလှမ်းမြင်နေရ၏၊