🚨မောင့်အချစ်ဦး unicode ep 14

3.6K 56 7
                                    

အခန်း(၁၄)

ညအိပ်ရာဝင်တော့ ညနေကခလေးယူမယ့်ကိစ္စအခြေအတင်ဖြစ်ထားတာကြောင့် သူမသူ့အားစိတ်ဆိုးနေပုံရ၏။
ကုတင်တစ်ဖက်စွန်းသို့တအားကပ်ကာ သူ့အားကျောခိုင်းလျက်အိပ်နေသည်။

ပန်းပုထုဆစ်ထားသလို ပြည့်တင်းလှပသောကိုယ်နေဟန်လေးဖြင့် လဲလျောင်းအိပ်စက်နေသောသူမနောက်ကျောလှလှလေးအား သူမချင့်မရဲကြည့်နေမိသည်။
ခုထိသူ့ဘက်အားမလှည့်လာဘဲ အိပ်ချင်ယောင်ဆောင်နေသောသူမနားသို့ မာနတို့ဖြင့်တင်းခံကာ မကပ်မိအောင်နေနေရသည်မှာ ခံရခက်နေ၏။

"ကျွတ်"

သူ့စိတ်အားလျော့လိုက်ကာ သူမနားသို့မြန်ဆန်စွာတိုးကပ်သွားပြီး ခန္ဓာကိုယ်လေးအား သိုင်းဖက်လိုက်တော့ ကျောလေးတွန့်လျက်ရုန်းနေသည်။
သူပိုတိုးဖက်လိုက်ကာ သူ့ခြေထောက်တွေကို သူမခြေထောက်တွေပေါ်သို့ဖိတင်လိုက်ပြီး ခြေထောက်ချင်းထပ်ထားလိုက်တော့
သူမကိုယ်လေးမှာ သူ့ရင်ခွင်အောက်တွင်နစ်မြုပ်သွားရသည်။

"ဘယ်လိုဖြစ်နေတာလဲ မင်း"

"ဘယ်လိုဖြစ်နေတယ်ထင်လို့လဲ"

သူမနူတ်ခမ်းလေးအားဖိကိုက်ထားမိလျက်ဘာစကားမှပြန်မဆိုတော့

"ဘာစကားမှပြန်မပြောဘူးနော် ဘာလဲအရုပ်လေးဖြစ်သွားတာလား"

"...."

"အဲ့ဆိုအရုပ်မလေးပေါ့ အင်း အရုပ်ဆိုတော့ အရုပ်လို ဆက်ဆံရမယ် မွ "

အနက်ရောင်ဘလောက်စ် အကျီင်္ ပွပွလေးဝတ်ထားသော သူမရဲ့ပုခုံးစွန်းလေးအားနမ်းလိုက်၏။
ထို့နောက် ဂုတ်သားလေးကို နူတ်ခမ်းဖြင့်ဖွဖွလေးဖိကပ်နမ်းနေပြန်သည်။
ဆံပင်ရှည်တွေကိုလည်းမွှေနှောက်နမ်းလျက် နားရွက်ဖျားလေးတွေကိုလည်း ခပ်ရွရွလေး ပွတ်တိုက်နေပြန်ကာ လျှာလေးဖြင့် နားရွက်ဖျားလေးအား ဆွဲစုပ်နေ၏။

တစောင်းလေးဖြစ်နေသောသူမအားနမ်းနေရသည်ကို အားမရတာမို့ ပက်လက်လေးဆွဲလှန်လိုက်တော့ အလိုက်သင့်လေးပျော့ပါလာသည်။
ညမီးရောင်အောက်တွင် မျက်နှာလေးမှာဝင်းဖန့်ဖန့်လေးဖြင့် လှပနေ၏။

မောင့်အချစ်ဦး Where stories live. Discover now