အခန်း(၉)
မနက်ခင်းနေရောင်ခြည်ရဲ့အလင်းရောင်ကို ခံစားရတာကြောင့် မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်တော့ ဒါသူမရဲ့အိပ်ခန်းမဟုတ်တာကို သိလိုက်ရ၏။
ဟင် ဒါဘယ်နေရာလဲ
သူမလူးလဲထလိုက်ရင်း ဘေးဘီဝဲယာကိုလှည့်ကြည့်လိုက်တော့ တစ်ခန်းလုံးမှာ အနက်ရောင်များသာလွှမ်းမိုးထားသည်ကိုတွေ့လိုက်ရသည်။
အိပ်ရာခင်း ခေါင်းအုံး ဆိုဖာ ယုတ်စွအဆုံး ခန်းဆီးလိုက်ကာများသည်ပင်လျှင် အနက်ရောင်ဖြစ်နေ၏။နေပါအုန်း ဒါဘယ်အချိန်ရှိနေပြီလဲ
လက်ကနာရီလေးကို ငုံ့ကြည့်လိုက်တော့ မနက်၇နာရီ
သူမ မနေ့ညက
အနိုင်ခေါ်လို့လိုက်သွားသည်
ပြီးတော့ ရေမွှေးဆိုင်
ပြီးတော့ ပြီးတော့ အအေး .....သွားပြီ .....ဟူသောအသိနှင့်အတူ
ခေါင်းထဲတွင် နေဆယ်စင်းပြိုင်လင်းသလိုဖြစ်လျက် နွယ့်မျက်ဝန်းတို့ ချာချာလည်ကုန်၏။ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ
အခန်းတံခါးဆီသို့ပြေးသွားကာ ဖွင့်ကြည့်လိုက်တော့ အပြင်ကသော့ခတ်ထားပုံရသည်။
တံခါးအား သူမလက်သီးဆုပ်လေးတို့ဖြင့် ထုရိုက်ကာ......"ဒုန်း ဒုန်း အပြင်မှာ ဘယ်သူရှိလဲ
အနိုင် ဒုန်း အနိုင် နင်ရှိတယ်မလား
တံခါးဖွင့်ပေးစမ်း ကြားလား
ဒုန်း ဟင့် အနိုင် "ရှိုက်သံတို့ပင်ထွက်လာကာ သူမရင်ထဲတွင်ပူပန်မှူတို့က ကြီးစိုးနေသည်။
မျက်ရည်တို့ပြည့်သိပ်လာကာ ပါးပြင်ပေါ်သို့လှူပ်လီလှူပ်လဲ့ပြိုဆင်းလာတော့၏။
တံခါးဖွင့်သံနှင့်အတူ...
"ဘာဖြစ်လို့ ငိုနေတာလဲ"
အခန်းဝတွင် မားမားရပ်လျက် ခပ်တည်တည်မျက်နှာပေးဖြင့် သူမအားကြည့်ကာ ဘာမှမသိသလို သူအပြစ်ကင်းသယောင်ယောင်ဖြင့် မေးခွန်းထုတ်နေသော အနိုင့်စကားသံကြောင့် သူမဒေါသထွက်သွားရကာ သူ့ရင်ဘတ်အားပြေးထုလိုက်မိ၏။
"နင်လုပ်လို့လေ နင်ဘာတွေကြံစည်နေတာလဲအနိုင် ငါ့က်ုဘာလ်ူ့ဒီကိုခေါ်လာရတာလဲ
ပြီးတော့ အအေးထဲနင်ဘာတွေထည့်လိုက်တာလဲ ငါ့ကို ခုချက်ချင်းပြန်ပို့ပေး မေမေတို့စိတ်ပူနေရောမယ် "