မောင့်အချစ်ဦး(unicode ep 15)

3.6K 65 26
                                    

အခန်း(၁၅)

ဒီနေ့ကဆုန်လပြည့်နေ့ဆိုတော့ စျေးပိတ်သည်မို့ မုန့်ဟင်းခါးချက်စားကြသည်။
နွယ်ကိုယ်တိုင်မီးဖိုချောင်ဝင်ရင်း သေချာချက်ပြုတ်ကာ မေမေတို့အိမ်သို့သွားပိူ့ခဲ့၏။
မုန့်ဟင်းခါးကိုနွယ်ကိုယ်တိုင်ကြိုက်သလို အနိုင်သည်လည်းအတော်လေး နှစ်နှစ်ခြိုက်ခြိုက် စားလေ့ရှိသည်မို့ ခဏခဏချက်ကျွေးဖြစ်သည်။
သူကတော့ သူမဘာချက်ချက်ကောင်းသည်ဟု ဆိုကာ ခေါင်းမဖော်စတမ်းစားတတ်သည်မို့ ချက်ကျွေးရကျိုးနပ်ပါသည်။

အနိုင်ကတော့ စားသောက်ပြီးသည်ဂိတ်သို့ထွက်သွား၏။
ဂိတ်လုပ်ငန်းကိုထပ်တိုးချဲ့နေသည်မို့ နေ့တိုင်းနေ့ညမပြတ်သွားကြည့်နေရသည်။

ခုတလော နွယ်ရင်ပြည့်နေသည်မို့ ထမင်းစားမကောင်းပေ။
ထို့ကြောင့် မုန့်ဟင်းခါးစားမည်ဟု ကိုယ်တိုင်ချက်သော်လည်း ထင်သလောက်စားမဝင်။
အန်ချင်သလိုလိုပင်ဖြစ်လာသည်မို့။
ကိုယ့်ကိုယ်ကို သံသယပင်ဝင်လာမိ၏။
အနိုင့်ရဲ့တောင်းဆိုချက်ပြည့်ဝသွားတာများလား။
သူစိတ်ဆိုးမာန်ဆိုးဖြင့် ခလေးလိုချင်သည်ဟုပြောထားသည့်နေ့ကပင် သူမတားဆေးတွေဖြတ်ပစ်ခဲ့၏။
သူ့ရှေ့တွင်တော့ ခေါင်းမညိတ်မိခဲ့ပေမယ့် သူ့ဆန္ဒကိုဖြည့်ဆည်းပေးချသည်မို့ နွယ် အဲ့ဒီနောက်ပိုင်းဆေးတွေ မသောက်ခဲ့ပေ။

ရာသီကလည်းမလာသည်မှာရှေ့လရယ် ယခုလရယ်ဆိုတော့......
သေချာအောင်ဆေးစစ်ကြည့်မှရမည်။
စစ်တံလေးဝယ်ကာ ရေချိုးခန်းထဲသို့ဝင်ပြီးစစ်ကြည့်တော့ မျဥ်းနီလေးနှစ်ကြောင်းက အထင်းသား။

နွယ်ပျော်သလိုလို ဝမ်းနည်းသလိုလိုဖြင့် တစ်မျိုးကြီးပင်။
အနိုင့်ရင်သွေးလေးက သူမဗိုက်လေးထဲမှာရောက်ရှိနေခဲ့ပါပကောလား။

ဗိုက်လေးကိုအသာအယာပွတ်သတ်လျက် မျက်ရည်လေးတို့ဝေ့ဝဲလာ၏။
မိခင်တစ်ယောက်ရဲ့ခံစားချက်က ဒီလိုပါလား။

နွယ်မေမေ့ကိုသတိရသွားမိ၏။
ဟုတ်တယ် မေမေ့ကိုသတိရလိုက်တာ မေမေ့ကိုအသိပေးမှရမယ်။

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

နွယ့်ခေါင်းလေးအားပွတ်သတ်ကာ မေမေ့မျက်နှာကအပြုံးတို့ဖြင့် ပျော်နေပုံရ၏၊
မြေးဦးလေးရတော့မည်ဆိုတော့ ဖေဖေရောမေမေပါပျော်နေကြသည်။

မောင့်အချစ်ဦး Where stories live. Discover now