အခန်း (၂၈)
နောက်တယ် ဆိုတဲ့စကား၂ခွန်းကိုကြားလိုက်သည်နှင့် ရန်ကျင်းရီက ထရယ်သည်.. ထို့နောက် အေးစက်စွာဖြင့်ပြောသည်.. "ငါကိုယ်တော် တကယ် သိချင်စိတ်ပြင်းပြမိတယ်... ဒီတိုင်းပြည်မှာ ဘယ်သူက များ ငါ့စကားကို စနောက်တယ်လို့ ထင်ရဲသလဲဆိုတာ"
လီကိုက အသံအတက်အကျ မရှိပြန်ဖြေသည်.. " ဘုရင့်စကားတခွန်းဟာ ကြောက်ဖို့ကောင်းလောက်အောင် အာဏာစက်ပြင်းပါတယ်.. ကျွန်တော်မျိုးက အရှင့်ရှေ့ရက်ကပြောခဲ့တဲ့ စကားတွေက ကျွန်တော်မျိုးကို လှည့်စားဖို့ မရည်ရွယ်လောက်ဘူးလို့ ဆိုလိုချင်တာပါ"
တခဏအတွင်းမှာပင် စကားအသုံးအနှုန်းများက ငါကိုယ်တော်တို့ ကျွန်တော်မျိုးတို့ဖြစ်သွားကြသည်...
ရန်ကျင်းရီက ပြောသည်.. "ဒီနားလာခဲ့"
လီကို နှုတ်ခမ်းသပ်လိုက်ပြီးနောက် အားတင်းကာဖြင့် ရန်ကျင်းရီရှေ့သို့ ဝှီးချဲကို လှိမ့်၍သွားလိုက်သည်...
ရန်ကျင်းရီက လီကို့ကို အပေါ်စီးက ငုံ့ကြည့်သည်... မျက်ဝန်းထဲတွင်တော့ နွေးထွေးမှုတချက်မရှိပါ..သူက အမိန့်ပေးလိုက်သည်.."ဒူးထောက်"
သူ့ရဲ့ ခန္ဓာကိုယ်အရ ဘယ်သောအခါမှ ဒူးထောက်စရာမလိုခဲ့တဲ့ လီကိုကို ဒီနေ့မှာတော့ ရန်ကျင်းရီက ဒူးထောက်ရန် အမိန့်ချခဲ့သည်...လီကို ခေါင်းကို ငုံ့လျက်ပင် သူ့ကိုယ်ကို လက်ဖြင့် ကြိုးစားကာ ခုံအောက် ဆင်းစေသည်.. အချိန်တခုအကြာအထိ ခက်ခက်ခဲခဲ ရုန်းကန်ပြီးနောက် သူကြမ်းပြင်တွင် ဒူးထောက်သည့် အနေအထားကို ရောက်သည်..
"ကျိလူကြီးမင်း" ရန်ကျင်းရီကပြောသည်.. "ကိုယ်တော်မင်းကို အရမ်းစိတ်ပျက်မိတယ်"
"ဒီကျွန် အရမ်းသိချင်မိပါတယ်...ဒီကျွန်ရဲ့ ဘယ်လုပ်ရပ်ကများ အရှင့်ကို စိတ်ပျက်စေမိလဲဆိုတာ" သူမေးခွန်းထုတ်သည့် မျက်နှာက နည်းနည်းလေးမှ ခံစားချက်မရှိပေ..
"မင်းဟွေကောကို ဒီလောက်ကြိုက်နေမှတော့ ဘာလို့ သူ့ကို လက်ထပ်ဖို့မပြောဘဲ သာမန်လူတန်းစားဖြစ်အောင်လုပ်ခိုင်းတာလဲ " ရန်ကျင်းရီရဲ့ လေသံက ဒေါသသံပါသည်.. သူသိသည်.. အမှန်တရားတခုကိုသူသိသည်... ကျိရှန်းဟာ ဒီမိန်းကလေးကို ချစ်လွန်းလို့ ဒီလိုလုပ်တာဆိုတဲ့ အမှန်တရားတခုကို သူ့ရင်ထဲက နေသိသည်..
YOU ARE READING
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Adventureအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...