ခန်း-၁၈
ရန်ကျင်းရီရဲ့ တဖြည်းဖြည်းတိုးကပ်လာတဲ့ မျက်နှာကို လီကို ကုတင်ပေါ်လှဲလျက်က ကြည့်နေမိသည်..
"တတိယမင်းသား ကိုယ့်သိက္ခာကို ကိုယ်ထိန်းပါ" သူ့မျက်နှာဖြူဖြူက နီရဲလာသည်.. ဒေါသကြောင့်လား အရှက်တရားကြောင့်လားတော့ ဝေခွဲမရပါ.. "ဒီဟာသမျိုးက မရယ်ရပါဘူး"
"ကျုပ်ကလဲ နောက်နေတာ မဟုတ်ဘူးလို့ပြောပြီးပြီ" ကြည့်ရတာ သူ့ရှေ့က ဒီလူကို ဒီလိုစနောက်ရတာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ် ဟု ရန်ကျင်းရီ ထင်မိကာ လီကို့ ပုခုံးကို ဖိချလိုက်သည်...
ခြေထောက်တွေက နဂိုတည်းက သုံးလို့မရတဲ့ အထဲ ဒီလို အဖိခံလိုက်ရတော့ လီကို နည်းနည်းမှ မလှုပ်နိုင်တော့ပေ.. လီကို အံကြိတ်ကာပြောလိုက်သည်.. "အရှင့်သား ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် .....ကျွန်တော်မျိုး.... လူအော်ခေါ်လိုက်မိတော့မယ်"
ရန်ကျင်းရီကပြောသည်.. "ကျိလူကြီးမင်း ခေါ်ချင်ခေါ်လေ.. ဒါပေမယ့် သင့် အခိုင်းအစေတစ်ယောက်ယောက်က ဝင်လာပြီး ဒီမြင်ကွင်း မြင်သွားရင် ကျိလူကြီးမင်း ဒုတိယမင်းသားကို ဘယ်လိုဖြေရှင်းမလဲ"
လီကို တကိုယ်လုံး တုန်ယင်သွားသည်.. သူအသက်ကိုပြင်းပြင်းတချက်ရှုလိုက်ကာ စိတ်ကို ပြန်ငြိမ်အောင် ထိန်းလိုက်သည်.. ထို့နောက် မပြောင်းလဲသည့် မျက်နှာနှင့်ပြောလိုက်သည်.. "အရှင့်သား ဘာလိုချင်တာလဲ"
ရန်ကျင်းရီကပြောသည်.. "ကျိလူကြီးမင်းသိပါတယ်.. ကျုပ်က အရည်အချင်းရှိတဲ့သူတွေကို သဘောကျတယ်"
လီကိုနှာတချက်မှုတ်လိုက်သည်.. "ဒီလိုနည်းနဲ့ သဘောကျတာလား"
ရန်ကျင်းရီ လီကို့ လည်ပင်းမှ ရင်ဘတ်နားထိ တစိမ့်စိမ့်ကြည့်လိုက်သည်.. "အရည်အချင်းအမျိုးမျိုး ကို နည်းအမျိုးမျိုးနဲ့ ကျုပ်က သဘောကျတတ်တာ သဘာဝပဲလေ.. ကျိလူကြီးမင်း မသိဘူးလား"
လီကို တတိယမင်းသား၏ ချော မောသည့်မျက်နှာကို အပြုံးတချက်မှမရှိဘဲ ကြည့်သည်.. "တတိယမင်းသားက ဒီနည်းကို သုံးရင် ကျွန်တော်မျိုးက ဒုတိယမင်းသားဆီက ထွက်လာမယ်များထင်နေတာလား"
ESTÁS LEYENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...