"သူကလူယုတ်မာမှန်းသိရတော့ ကျွန်တော်
အရမ်းပျော်တယ်"ရွှီလော့ရာ သူ့ကိုချိန်းတဲ့နေရာက ကော်ဖီဆိုင်တစ်ခုဖြစ်သည်.. လီကို တံခါးဖွင့်ပြီးဝင်လာတော့ သူမကိုထောင့်ခုံတခုမှာထိုင်နေတာတွေ့ရ၏.. သူလျှောက်သွားလိုက်ပြီး မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်.. "ဘာလဲ ကျဲကျဲ"
သူမက စာအိတ်တခုထုတ်ကာသူ့ရှေ့တွန်းပေးသည်.. "ကြည့်"
လီကိုထုတ်ကြည့်လိုက်သည်.. အထဲတွင်တော့ သူနှင့် ရွီအိမ်တော် ပတ်သတ်မှုမရှိကြောင်း လက်ခံသည့်စာချုပ်နှင့် ဘဏ်ကဒ်တခု. "ဘာအဓိပ္ပာယ်လဲ"
သူမက ဘာမှမထူးဆန်းသလိုပြုံးသည်.. "သဘောကတော့ နောင်ကို မင်းနဲ့ ရွီအိမ်တော်က ဘာမှပတ်သတ်မှုမရှိဘူးဆိုတာကိုလက်ခံခိုင်းတာပဲ"
လီကိုဘက်က အဲ့အိမ်တော်ကို ခေါင်းထဲမှာကိုမရှိတာဆိုပေမယ့် ရွီလော့ရာကျေနပ်အောင်လို့ ၀မ်းနည်းသွားသည့်မျက်နှာ ဖြင့်မေးလိုက်သည်.. "ကျဲကျဲ ဒီလိုလုပ်တာ အဖေသိလား"
"မင်းကိုလာခဲ့ပါလို့ခေါ်ပြီးပြောမှတော့ အဖေ့ခွင့်ပြုချက်ရလို့ပေါ့"
လီကို မျက်နှာငယ်သွားကာ လက်များတုန်ယင်လာသည်..ထို့နောက် စာရွက်စာတမ်းများကိုယူလိုက်ကာ အသံငယ်ငယ်ဖြင့် ပြောလိုက်သည်.. "အင်းပါ.. လက်မှတ်ထိုးလိုက်ပမယ်... ဒါပေမယ့် တခုတော့ မေးချင်တယ်"
အဖေကျွန်တော့်ကိုသားလို့ကောသတ်မှတ်ဖူးရဲ့လားဆိုသည့်စကားကို လီကိုက မေးမည်ဆိုတာသိသဖြင့် ရွီလော့ရာက အောင်နိုင်သူတစ်ယောက်လိုပြုံးသည်..
မျက်ဝန်းထဲတွင် မျက်ရည်များနှင့်ပြည့်နေသည့်လီကို က ရှိုက်သံတချက်နှင့်မေးလိုက်သည်.. "ကဒ်ထဲမှာက ပိုက်ဆံဘယ်လောက်ရှိတာလဲ"
ထိုမေးခွန်းကြောင့်ရွှီလော့ရာ နားကြားများမှားသွားသလားဆိုသည့်ဟန်နှင့်သူ့ကိုပြန်မေးသည်.. "မင်းဘာပြောလိုက်တာ"
![](https://img.wattpad.com/cover/212776064-288-k243185.jpg)
ESTÁS LEYENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...