"ပြည်မသို့အပြန်"
နောက်ဆုံးစီးကရက်ကို သောက်ပြီးချိန်တွင်တော့ 'ချိန်လီကို' သူမထွက်လာတာကိုမြင်လိုက်သည်..သူမကအလွန်ပင်လှပကာ အပြာနုရောင်ဂါဝန်က လေထဲမှာ လှိုင်းတခုလိုဝဲနေ၏.. သူကြည့်လိုက်ချိန်တွင် သူမက တခြားလူတစ်ဦးကိုစကားပြောနေပြီး တချက်ကြည့်တာနဲ့ အရမ်းပျော်နေမှန်းသိသာသည်...
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ သူ ကတော့ မပျော်နိုင်ပါ.. သူမျက်မှောင်ကျုံ့သွားသည်.. သူ့မျက်လုံးများကတော့ သူမခေါင်းပေါ်မှာပေါ်နေသည့် အနီရောင် ဘားတန်း ပေါ်တွင်ရှိသည်..
ထိုအတန်းလေးက ၈၈%ဟုပြနေသည်.. 'လီကို' ထိုဘားတန်းကို ခဏမျှ ငြိမ်သက်စွာကြည့်နေမိသည်..
ထို့နောက်တွင်မှ ဆေးလိပ်ကိုမီးသတ်လိုက်ကာ အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်..
"ထုန်ထုန်" ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်ကာ လီကို သူမကိုလှမ်းခေါ်လိုက်သည်..
နဘေးကလူနဲ့စကားပြောနေသည့် ရန်ထုန်ထုန် မျက်နှာပေါ်တွင် အံသြရိပ်တခု ဖြတ်ပြေးသွားသည်.. သူမ လီကို ဘက်ကိုလှည့်ကြည့်သည်
"၀မ်ရို... နင် ပြန်ရောက်နေပြီလား"ဒီကမ္ဘာမှာ လီကိုရဲ့နာမည်က ၀မ်ရိုပါ.. ထုန်ထုန်ကို လိုက်နေတဲ့သူတွေထဲကတစ်ယောက်ပေါ့..ဇာတ်ရံသာသာ တစ်ယောက်ဆိုလဲမမှားဘူး..
"အင်း" လီကို ဆံပင်ကို နည်းနည်းဖွလိုက်ကာ ပြုံးပြီးပြောသည်.. အနည်းငယ်နေရခက်နေပုံလဲပေါ်သည်.. "ပို့လိုက်တဲ့ ဖိတ်စာရတယ်"
"အော်" ရန်ထုန်ထုန်၏ပါးနှစ်ဖက်က အနည်းငယ်ရဲသွားပြီး သူမဘေးကလူကို ရှက်ပြုံးနှင့်လှမ်းကြည့်သည်.. "ဘယ်တုန်းက ဒီနိုင်ငံကို ပြန်ရောက်တာလဲ.. ပြီးရင်ရော ပြန်သွားဦးမှာလား"
သူ ရန်ထုန်ထုန်ဘေးကလူကိုတစ်ချက်ကြည့်လိုက်သည်.. သူမချစ်သူနဲ့ ပေါင်းစည်းပြီး ပျော်ရွှင်မှုကိုရှာတွေ့သွားပြီကို ဘာလို့ ဘားက ၈၈ မှာရပ်နေတာပါလိမ့်.. စိတ်ထဲမှာ ပူမိသွားပေမယ့် အပြင်ပန်းမှာတော့ပြုံးပြီးပြောလိုက်သည်.. "မပြောတတ်သေးဘူး.. အခြေအနေအရပဲ"
BẠN ĐANG ĐỌC
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Phiêu lưuအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...