အခန်း-၁၀
အမှန်က ဘယ်မှမသွားချင်ဘူး သူ့ဆီမှာပဲနေချင်တာ
လီကိုပြန်ရောက်တာ လုံးဝသိုသိုသိပ်သိပ် ... ဘယ်သူမှမသိဘူး...
ယွဲ့ချီ က တခြားလူတွေကို ပြောပြချင်ပေမယ့် လီကို က ခွင့်မပြု .. ထို့ကြောင့် မပြောရ.. သို့ပေမယ့် သူနားမလည်နိုင်တာက လီကို က ဘာလို့ အားလုံးကိုအသိမပေးတာလဲ ဆိုတာပဲ...
လီကိုကပြုံးပြီးပြောသည်.. "ငါနဲ့ ရန်ချန်းခုန်းကြားက ကိစ္စကို သူများတွေမသိစေချင်လို့ပါ"
ယွဲ့ချီနားလည်တယ်.. သူ လီကိုကိုလဲသနားတယ် ရန်ချန်းခုန်းကိုလဲ ဒေါသထွက်တယ်. ဒါပေမယ့် သူလုပ်ပေးနိင်တာ ဘာမှမရှိဘူး..
ထို့နောက်မှာတော့ လီကို ပြည်မသို့ပြန်ရောက်လာလေသည်...
လေယဉ်ဆိုက်တော့ ယွဲ့ချီက လီကို့ကို ဘယ်အရင်သွားချင်လဲမေးတယ်...
လီကို တချက်တွေးလိုက်သည်... "ထုန်ထုန်... နေကောင်းရဲ့လား"
တရုတ်ပြည် ပြန်ရောက်ရောက်ချင်း ရန်ထုန်ထုန် အကြောင်းမေးလိမ့်မယ်ဟု ယွဲ့ချီ မထင်ထားမိပေ... သူသည်းမခံနိုင်ဘဲ အော်လိုက်သည်.."ဝမ်ရို..... ဟိုက လက်ထပ်ပြီးသားကွ"
လီကို ပြန်ပြောလိုက်သည်... "ငါသိပါတယ်"
ယွဲ့ချီ ပြောရမလား မပြောရမလားစဉ်းစားပြီးနောက် "သူက ကိုယ်ဝန်ရှိနေပြီ....ပြီးတော့ အခု ဆေးရုံမှာ"
လီကို ခါးသက်သက်ပြုံးလိုက်သည်.. ရန်ထုန်ထုန်ကြောင့်သာ မဟုတ်ရင် သူ ဒီလို ရန်ချန်းခုန်းဆီကထွက်ပြေးစရာ အကြောင်းမရှိဘူး"ငါသူ့ကိုတွေ့ချင်တယ်"
ယွဲ့ချီက သက်ပြင်းချသည်.. "မင်းဘာလို့ ဒီလိုဖြစ်နေတာလဲ"
လီကို နှုတ်ခမ်းကိုသပ်လိုက်ပေမယ့် ဘာမှပြန်မပြော...
လီကိုပုံကိုကြည့်ကာ ယွဲ့ချီက ဖြောင်းဖြလို့ မရမှန်းသိသည်.. "ကောင်းပြီ ဆေးရုံကို ငါလိုက်ပို့ပေးမယ်"
အချိန်ကနောက်ကျနေပြီဖြစ်ပြီး... ပင်ပန်းနေပေမယ့် လီကိုသွားချင်တယ်ဆိုတော့ သူကိုယ်တိုင်မောင်းပို့ပေးသည်...
CZYTASZ
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Przygodoweအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...