ငါ့ကိုကြိုက်တဲ့လူဆို လူကောင်းပဲလီကိုက အလွန်အကောင်းမြင်တတ်သူဖြစ်သည်..
ရှေ့ဘ၀တွေတုန်းက သူ့ရဲ့ ဒီလို အကောင်းမြင်တတ်တဲ့စိတ်ကြောင့် အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့တာ ဖြစ်သည်.. ဒီကမ္ဘာကိုရောက်တော့.. လီကိုရဲ့ အကောင်းမြင်စိတ်က လယ်ဗယ် ထပ်တက်သွားသည်...... ဘယ်လိုမျိုးလဲဆိုတော့ သူ့မျက်စိရှေ့မှာ အဆင်ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ပြဿနာမရှိဘူးဆိုသည့် အကောင်းမြင်စိတ်မျိုးဖြစ်သည်..
လီကိုရဲ့ ထိုအကောင်းမြင်စိတ်ကို system ကတော့ လုံးဝလက်လန် သွားပြီဖြစ်သည်.. ဥပမာ အခုပဲကြည့်.. အဖမ်းခံထားရတဲ့ လီကို က အိပ်ယာပေါ်မှာ တုပ်နှောင်ခံထားရပြီး တိတ်ဆိတ်ကာ ငြိမ်သက်နေသည်.. သို့ပေမယ့် သူ့စိတ်ထဲက လူသေးသေးလေးကတော့ ဘဲလေးက ကပြီးခုန်ပေါက်နေ၏...
"ချောလိုက်တာ...ချောလိုက်တာ ချောလိုက်တာ...အား"
စိတ်ထဲမှာ ကခုန်နေသည့် လူသေးသေးလေးက အော်သည်.."အား... ဒီဆရာဝန်က ဘာလို့ ဒီလောက်တောင် ချောနေရတာလဲ"
System "....."
အန်းချီလော့ ပြောတဲ့ ဒေါက်တာ ချင်ဆိုတဲ့ လူက သူ့ အကြိုက် ပုံစံမျိုးဖြစ်လိမ့်မယ်လို့ လီကို လုံးဝမထင်ခဲ့ဖူးပေ... အခု... ဒေါက်တာချင်ဆိုသူက ဂျူတီကုတ်အဖြူကို ဝတ်ဆင်ထားပြီး သူ့ကို ပြုံးပြီးကြည့်နေ၏.. သူ့ရဲ့ ချယ်ရီရောက်နှုတ်ခမ်းက အပေါ်သို့ ကော့ညွတ်နေပြီး စိတ်ပျော်နေပုံပေါက်သည်..
"ဗိုလ်ချုပ်ကြီး လု" ဒေါက်တာချင်အသံ နိမ့်နိမ့် က လီကို့ကိုသူ့ရဲ့ ချစ်သူကို လှမ်းခေါ်လိုက်သလိုမျိုးရင်းနှီးမှု တခုပေး၏...
လီကို စကားမပြောပါ..
"ဘာကြောင့်များ ဗိုလ်ချုပ်ကြီးလုက စကားမပြောရတာလဲ?" လီကိုက သူ့ကို အဖတ်မလုပ်တာမြင်တော့ သဘောမကျဟန်နှင့် ဒေါက်တာချင်က ပြောသည်.. သူ့ရဲ့ လက်ဖြူဖြူ ရှည်ရှည်တွေက လီကို့ရဲ့ ကွဲအက်နေတဲ့ နှုတ်ခမ်းတွေကို အသာ ထိသည်.. "နာကျင်နေတဲ့ နေရာများရှိလို့လား"
![](https://img.wattpad.com/cover/212776064-288-k243185.jpg)
CZYTASZ
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Przygodoweအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...