အခန်း-၂၀

6.8K 837 39
                                    

အခန်း-၂၀

လီကို့ရဲ့ လုပ်ရပ်က ရန်ကျင်းရီကို ရူးခါသွားစေသည်.. သူ့မျက်ဝန်းနဲ့ လေသံက ရေခဲတမျှအေးစက်နေကာ ကျောချမ်းစရာကောင်းလှသည်...  "ကျိလူကြီးမင်း.. ကြည့်ရတာ ခဗျားက ကျုပ်နဲ့ တော်တော် အဆင်မပြေဘူးထင်တယ်"

လီကိုကတော့ စားသမျှအကုန်ပြန်အန်လိုက်၍ နေသာထိုင်သာရှိသွားသော်လဲ ရန်ကျင်းရီဒေါသကိုသတိထား လိုက်မိသောအခါ ချောင်းတချက် ဆိုးပြပြီး သနားအောင် လုပ်ပြလိုက်သည်..

ရန်ကျင်းရီက နှာတချက်မှုတ်လိုက်ကာ "မင်းဒီလိုလုပ်လို့ သနားမယ်များထင်နေလား"

လီကို ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ရန်ကျင်းရီက လက်တဖက်တည်းနှင့် ခါးမှဆွဲ ပွေ့ ကာ ကုတင်ပေါ်ပစ်တင် လိုက်သည်..

လီကို ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပေမယ့် ဝမ်းနည်းသွားဟန်ပြုကာ စိတ်မကောင်းတဲ့ အသံဖြင့် system ကို စကားဆိုသည်. "ဒီအခိုက်အတန့်မှာ ငါ့ဘ၀က အရုပ်လေးတစ်ရုပ်လိုပါပဲလားကွာ"

System "........"  ငါသိသားပဲ ဒီကောင်ငါ့ကို မစတော့ဘူးဆိုတာ လျှောက်ပြောတာ...

လီကို "ငါ့ သရုပ်ဆောင် စကေးကို ငါတော်တော်ကြွေမိတယ်"

တလှမ်းချင်းလှမ်းလာတဲ့ ရန်ကျင်းရီကို ကြည့်ကာ လီကို တည်ငြိမ်ဟန်မပျက်အောင် ထိန်းထားမိသည်.

တည်ငြိမ်ပြီး မကြောက်ချင်ယောင်ဆောင်နေတဲ့ သူ့ဟန်ကို ကြည့်ကာ ရန်ကျင်းရီက ခနဲ့သလိုပြောသည်.. "ကျိလူကြီးမင်း ကြောက်နေပြီလား"

လီကိုက အံကိုကြိတ်ကာ ပြန်ပြောသည်.."ပညာရှင် တစ်ယောက်ကို သတ်လို့ပဲရမယ် စော်ကားလို့တော့မရဘူး အရှင့်သား"

ရန်ကျင်းရီက ဘာမှပြန်မပြော ... သူ့ပုံကလီကို့တကိုယ်လုံးကို စိတ်နဲ့ အဝတ်တွေချွတ်ပစ်နေသည့် ပုံပေါ်သည်.. မျက်နှာမှ တဆင့်ချင်း အားအင်မရှိသည့် ခြေထောက်နေရာသို့ အကြည့်က ရွေ့သွားသည်... "ကျိလူကြီးမင်း တခေါက်လောက် ထပ်စဉ်းစားပါအုန်း"

လီကို့မျက်ဝန်းများက ကျဉ်းထဲကျပ်ထဲရောက်နေသူလို တွယ်တာစရာမဲ့နေ၏.. ရန်ကျင်းရီရဲ့ တဏှာမျက်လုံးအောက်မှာ သူ့ကိုယ်သူ တတ်နိုင်သမျှကွေးကွေးလေးနေမိသည်.. ဒါပေမယ့် အသုံးပြုမရတဲ့ ခြေထောက်တစုံကြောင့် အနည်းငယ်သာလှုပ်နိုင်သည်...

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Où les histoires vivent. Découvrez maintenant