အခန်း-၃၄

2K 271 27
                                    


ဖေးဖေးရဲ့ အမြင်မှာတော့ ဗိုလ်ချုပ် လုယွင်ချီဟာ အလွန်ထူးဆန်းတဲ့သူတစ်ယောက်ဖြစ်နေမှာ သေချာသည်..

သူ့ကို အပြင်ပန်းက ကြည့်မယ်ဆိုရင် စကားနည်းတယ် တည်ကြည်တယ် ပြီးတော့ အမှားမပါအောင် အလုပ်ကို စေ့စပ်သေချာစွာလုပ်တတ်တယ်...

ဒီလို အယ်လ်ဖာမျိုးက ပုံမှန်ဆိုရင် အပေါ်စီး အရမ်းဆန်ပြီး အိုမီဂါတွေနဲ့  ပတ်သတ်ရတဲ့အခါမျိုးတွေမှာ ပိုင်ဆိုင်လိုစိတ်၊ အနိုင်ယူလိုစိတ်ပြင်းပြတတ်တယ်..သို့ပေမယ့်လည်း ဖေးဖေး အမြင်မှာတော့ လုယွင်ချီဟာ နူးညံ့ပြီး အေးအေးဆေးဆေးနေတတ်သူတစ်ယောက်သာ ဖြစ်နေသည်..

ဖေးဖေးနဲ့ လီကို နဲ့ အတူနေတဲ့ကာလပတ်လုံး တစ်ယောက်နဲ့တစ်ယောက် စကားပြောလေ့ ပတ်သတ်လေ့မရှိပေမယ့်လို့ အားလပ်ရက် တွေ့တဲ့ အချိန်တိုတိုလေးမှာကိုပဲ လုယွင်ချီရဲ့ စိတ်တွင်း စိတ်ထားက ဘယ်လို.. သူ့ရဲ့ ကာရိုက်တာက ဘယ်လိုဆိုတာကို ခန့်မှန်းရလွယ်သည်.. ပြောရရင် အမျိုးသမီးတွေဆိုတာကလည်း ဒီလို အသေးစိတ်ကအစ လိုက် စပ်စုပြီး သတိထားကြည့်တတ်သူမျိုးပဲလေ...

ဓားပြတွေရန်က လွတ်လာပြီး အလုပ်ပြန်ဝင်ခွင့်မရသေးဘဲ စောင့်ကြည့်ကာလရောက်နေတဲ့ လုယွင်ချီက သူမထက် ပို၍ပင် အားနေတတ်၏.. မနက်တိုင်း ဖေးဖေး အလုပ်သွားပြီဆိုရင် သူက ရုပ်တည်ကြီးနဲ့ ဆိုဖာပေါ် အခန့်သားထိုင်ပြီး screen ပေါ်က ကြော်ညာတွေကို ငေးနေတတ်သည်..

ဖေးဖေးက ယဉ်ကျေးမှုအရ သူ့ကို အရင်နှုတ်ဆက်လိုက်သည်.. "မင်္ဂလာနံနက်ခင်းပါ.. ဆရာ"

လုယွင်ချီက သူမကို တချက်ငဲ့ကြည့်ပြီးနောက် ခေါင်းဆတ်ခနဲညိတ်ပြသည်.. "နံနက်ခင်းပါ"

ဖေးဖေးက အလွန်စေ့စပ်သေချာသည့် အိုမီဂါတစ်ယောက်ဖြစ်သည်.. လုယွင်ချီက ဖုံးကွယ်ထား ပေမယ့်လို့ သူ့ရဲ့ မျက်ခုံးတန်းနှစ်ခုကြားမှာ မြင်သာသည်ဆိုရုံရှိနေသည့် စိတ်ပင်ပန်းခြင်းနဲ့ နေရထိုင်ရခက်နေသည့် အသွင်ကို သူမက မြင်ဖြစ်အောင်မြင်လိုက်သေးသည်..

ဖေးဖေးက မေးလိုက်ချင်ပေမယ့် သူမရဲ့ အခုလက်ရှိနေရာက ဒီလိုဂရုစိုက်ပြ မေးခွန်းထုတ်ပြ ဖို့မသင့်သည့်အလျောက် ချီတုံချတုံ ခဏဖြစ်နေပြီးနောက် မမေးတော့ဘဲ သွားစရာရှိတာ သာသွားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now