ဘုရားရေ!
ရန်ချန်းခုန်းသည် အတော်လေးဆွဲဆောင်မှုရှိသည့်သူဖြစ်သည်.. သူတို့ပထမဆုံးအကြိမ်ဆုံကြတုန်းကဆိုလျှင် လီကို ၏အာရုံကထိုသူဆီမှာသာရှိနေတတ်သည်..
ဟုတ်ပါတယ် လီကို က ဂေးပါ.. ဒီစိတ်ပုတ်တဲ့ စစ်စတမ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ရန်ထုန်ထုန်ကို ကြိုက်တဲ့ နဂို ခန္ဓာရှင်ပုံစံ အတိုင်းလိုက် နေ နေမှာမဟုတ်ဘူး..
သွယ်လျဖြူဖျော့တဲ့လက်ချောင်းရှည်များက သူ့လက်ထဲမှဆေးလိပ်ကိုယူကာ အိမ်သာ ကမုတ်ထဲသို့ ပစ်ထည့်လိုက်သည်.. တခြားလက်တဖက်ကတော့ အနောက်ကနေ သူ့ပုခုံးကိုကိုင်လိုက်ကာ ပြောသည်... "ရွှီဝမ်ရို"
လီကို ကြက်သီးများထသွားသော်လည်း မျက်နှာကတော့ တောက်ပစွာပြုံးလိုက်သည်.. "မတွေ့တာတောင်ကြာပြီနော်" သူလှည့်ကြည့်လိုက်ရာ ရန်ချန်းခုန်းကလဲ suit ၀တ်ထားသည်ကို တွေ့ရသည်...
ရန်ချန်းခုန်းက တကယ်ကိုချောတာပဲကွာ... ကျက်သရေရှိတဲ့ မျက်ခုံးထူထူတန်းတန်း.. ပြီးတော့ စိတ်မကြည်လင်မှုကိုပြနေတဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်းပါးပါးတစ်စုံ.. ကြည့်နေရင်းနဲ့ လီကို လည်ချောင်းများပင် ခြောက်လာသည်..
ရန်ချန်းခုန်းကပြောသည်. "ဘယ်တွေရောက်နေတာလဲ"
လီကို အနည်းငယ် လန့်မိသည်.. သူ့ပုခုံးကိုထိထားတဲ့ လက်က အပူချိန်က သူ့တကိုယ်လုံးကိုလွှမ်းသွားသလိုပူလောင်လာသည်... "ဒီလိုပဲလျှောက်သွားနေတာ"
ရန်ချန်းခုန်းကထပ်မေးသည်... "ဘယ်ကိုလျှောက်သွားတာလဲ"
လီကို အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်.. "အကိုရန်.."
"ဆေးလိပ်သောက်တာက ဘယ်ကသင်လာတာလဲ"
လီကို "....."
အမှန်ပြောရရင် သူအစောတည်းက ဆေးလိပ်သောက်တတ်တယ်.. ဒီမူလပိုင်ရှင်ရဲ့ ပုံစံကိုမပျက်စေချင်လို့သာ သူဖြတ်ထားရတာ.. ရန်ချန်းခုန်းက နီးကပ်စွာ စစ်ဆေးနေမှုကြောင့် သူအနည်းငယ် အပြစ်ရှိသလိုခံစားရသည်..
![](https://img.wattpad.com/cover/212776064-288-k243185.jpg)
VOCÊ ESTÁ LENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...