အခန်း -၁၅
ရုတ်တရက်ကြီး စိတ်လှုပ်ရှားဖွယ်ကောင်းသွားလိုက်တာ
ဆင်ဆာ စပေါ်လာသည်နှင့် ခုနက သွေးများ အသားများနှင့်မြင်ကွင်းက ဝါးသွားတော့သည်..
လီကိုက ဝှီးချဲပေါ်မှာ မတုန်မလှုပ် ကျောက်ရုပ်အသွင်ဖြင့် တည်ငြိမ်စွာထိုင်နေ၏..
လီကို ဘက်က ဒီလောက် တည်ငြိမ်လိမ့်မည်ဟု ရန်ကျင်းရီမတွေးမိခဲ့ပေ.. မသိရင် သူ့ရှေ့က မြင်ကွင်းကို ဘာမှ မမြင်ရတဲ့အတိုင်းပဲ.. ကြည့်ရတာ ဒီ စစ်ရေးအကြံပေးအရာရှိလေးကို သူအထင်သေးခဲ့မိပြီထင်တယ်...
၂ဦးသား နှင်းတောထဲမှာ ဘာမှ မပြောဖြစ်ကြ ..သို့သော် တယောက်နဲ့တယောက်နားလည်လာသလိုရှိသည်...
နာရီဝက်ခန့်ကြာပြီးနောက်... ပြစ်ဒဏ်ပေးခြင်းလဲပြီးသွားပြီဖြစ်ရာ... သူလျှိုကို တရွတ်ဆွဲခေါ်ထုတ်သွားလေသည်...
လီကို တကိုယ်လုံးအေးစိမ့်နေပြီ... မျက်ခုံးမွှေးမှာ နှင်းစများကပ်နေပြီ.. နှုတ်ခမ်းများကလဲ ခရမ်းရောင်သန်းလျက်ရှိပေမယ့် သူ့ကျောကတော့ မတ်မတ်ပဲ ပုံမပျက်... သူကလဲ ဘလိုနည်းနဲ့မှ ပုံပျက်ခံမည်မဟုတ်ပေ...
သူ့ရှေ့မှာရှိနေသည့် ထိုလူသားကို ရန်ကျင်းရီစိတ်ဝင်စားလာ၏...
လီကိုကတော့ သူ့လုပ်ရပ်က OOC ဖြစ်နေတာကို မရိပ်မိပေ.. နဂို ကျိရှန်းသာဆို ဒီမြင်ကွင်းကြောင့် သွေးအန်ပြီး သတိလစ်တာကြာပြီဖြစ်သည်...
ရန်ကျင်းရီကပြောသည်.. "ကျိလူကြီးမင်း.. လေရော နှင်းရော ပြင်းလွန်းတယ်.. အထဲကို ပြန်ခေါ်သွားပါရစေ"
လီကို က ခေါင်းကို အသာညိတ်ပြကာ ပြောသည်.. "တတိယမင်းသားကို အလုပ်ပိုစေမိပြီ"
ရန်ကျင်းရီကပြုံးလျက်ပြန်ပြောသည်.. "ကျိလူကြီးမင်း ထင်လို့ပါ"
ထို့နောက် သူက လီကို့ကို ယာယီတဲထဲသို့ ပြန်တွန်းခေါ်သွားပေးသည်...
တဲထဲတွင်တော့ မီးပုံရှိလေရာ ချက်ချင်းနွေးသွား၏.. ရန်ကျင်းရီက ကုတင်နားသို့တွန်းသွားကာ ပြောသည်.. "ကျိလူကြီးမင်း အဝတ်လဲဖို့ မမေ့ပါနဲ့.. လေနဲ့နှင်းကြောင့် စိုထားတာ တော်ကြာ အအေးမိနေဦးမယ်"
![](https://img.wattpad.com/cover/212776064-288-k243185.jpg)
ESTÁS LEYENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...