အခန်း-၃၃

2K 281 15
                                    

အခန်း (၃၃)

အဆန်းပဲ

အိပ်ယာပေါ်တွင် လီကို လူသေကောင်လို လှဲနေမိသည်..

ချင်ပုယွဲ့ သူ့ကို ဆေးထိုးပြီးနောက်.. လေးငါးရက်ခန့် သူ အိပ်ယာထဲပဲ နေရသည်..

အယ်လ်ဖာတကောင်ရဲ့ ကိုယ်တွင်းအင်္ဂါသန်စွမ်းမှုက အံ့မခန်းပင်.. သူ့နံရိုးအချို့ ကျိုးသွားခဲ့ပေမယ့် ပတ်တီးစည်းရုံဖြင့် ဘာမှ ဆေးတွေပြင်းပြင်းထန်ထန် လိမ်းစရာ သောက်စရာမလိုဘဲ အမြန်ပင် သက်သာလာသည်..

ဒါ့အပြင် သူနားနေတဲ့ ကာလတလျှောက် ချင်ပုယွဲ့က လဲ သူ့ကိုလာပြီး စိတ်ဒုက္ခမပေးတော့ပါ.. သူစိတ်ရူးမထတဲ့ အချိန်ဆိုရင် သူ့ကြည့်ရတာ သိပ် မဆိုးတဲ့ပုံပါပဲ..

လီကိုကပြောသည်.. "ဒီလိုပုံစံကို သဘောကျတယ် ချစ်ဖို့ကောင်းတယ်"

System "... ပြောစမ်းပါဦး.. ဘယ်လိုပုံစံဆို သဘောမကျတာလဲ"

လီကို " မင်းလိုပုံစံ"

Syste, "......" လူသတ်ချင်စိတ်ပေါက်တယ်

လီကိုက ဝမ်းနည်းစွာပြောသည်.. "တခုပဲ.. စိတ်ရူးပေါက်ရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"

System က အမြင်ကတ်ကတ်ဖြင့်တွေးသည်.. နံရိုးတွေ ထပ်ချိုးခံရမှ အချိုးပြေမယ်..

လီကိုက အောက်နှုတ်ခမ်းကိုချွန်လိုက်ပြီး "သူက အရမ်းဉာဏ်ကောင်းပြီး မာယာမများဘူး.. ဒဲ့ပဲ.. တခြား တွေ့ဖူးနေကြတွေလို မဟုတ်ဘူး"

System စိတ်ထဲက တွေးသည်.. ဦးနှောက်များချောင်သွားပြီလား..

"ဗိုလ်ချုပ်ကြီးလု".  ချင်ပုယွဲ့ အကြောင်းပြောနေစဉ်မှာပင်.. အသံတခု ကြားလိုက်ရသည်.. လီကိုက ချင်ပုယွဲ့ တံခါးကို တွန်းဖွင့် ပြီး စားစရာ ဗန်းနှင့် ဝင်လာသည်ကို တွေ့ရသည်..

ဗန်းထဲက စားစရာရဲ့ အနံ့က အလွန်ပင် ဆွဲဆောင်နိုင်ပြီး ချင်ပုယွဲ့ ယူလာသည့် စားဖွယ်များက သူ့အကြိုက်များဖြစ်နေသည်ကို လီကို အံ့ဩစွာ တွေ့ရှိရသည်..

ချင်ပုယွဲ့ က ပန်းကန်ကို လီကို ရှေ့ကိုချလိုက်သည်..

လီကိုက သူ့ကို မသင်္ကာသလိုတချက်ကြည့်သည်.. အရင်ရက်တွေက သူ့ကို အဟာရကိုပိုက်နဲ့သွင်းတာ မျိုးပဲရှိခဲ့တာ... ဒီနေ့ကျမှ ဘာလို့ရုတ်တရက်ကြီးသူ့ကို စားစရာတွေလာပေးနေတာလဲ... အကြံအစည်တခုခု များရှိလို့လား...

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Où les histoires vivent. Découvrez maintenant