အခန်း-၁၆
ဟန်ဆောင်ကာမူပို
သူရောက်လာတဲ့ ကာလက ပြောရရင် ရန်နိုင်ငံအတွက် သိပ် အခြေ မလှ တဲ့အချိန်ဖြစ်တယ်...
ခုချိန်မှာ ရိက္ခာရော အင်အားကောကသိပ်မရှိဘူး... ရန်သူ့အင်အားကလဲ မနည်းလှ.. ဒီနှင်းတွေ ရေခဲတွေကြား ဆက်သွားနေရင်တော့ ငတ်လာတဲ့တပ်သားတွေက ပုန်ကန်မှာအသေအချာပင်ဖြစ်သည်...
အရာရှိတွေအားလုံးကလဲ ဒါကိုကြိုမြင်လေတော့ တဲထဲက အစည်းအဝေးပွဲက အတော်လေး ပြင်းထန်ပြီး လေးလံနေလေသည်...
လီကို့ကို တဲထဲသို့ ရန်ကျင်းရီက တွန်းလာပေးသည်..
"အရှင့်သား.. ကျိလူကြီးမင်း... ဒီဘက်ကြွပါ" ဝင်လာသူ၂ဦးကို စစ်သူကြီးချန်က နေရာစီစဉ်ပေးပြီး ပြောလက်စကို ဆက်ဆွေးနွေးသည်.. သူတို့ ဆွေးနွေးနေတာက အရှေ့တိုင်း သူပုန်တွေကို အချိန်ဆွဲမနေဘဲ ချက်ချင်းတိုက်ခိုက်ဖို့ အရေးကိစ္စဖြစ်သည်...
လီကိုရော ရန်ကျင်းရီရောက စစ်ရေးကျွမ်းကျင်သည့်အလျောက် စကားအသွားအလာကို ဘေးကနေသာ တွက်ချက်ပြီးနားထောင်နေသည်.. ဘာမှဝင်မပြောကြ..
တဖြည်းဖြည်းနဲ့ ဆွေးနွေးမှုက ပိုပြင်းထန်လာတာ လီကိုကတော့ အိပ်ငိုက်လာ၏..သူ့စားပွဲပေါ်က ခွက်ကိုမကာ တချက် မော့လိုက်သည်.. ဒါပေမယ့် ချက်ချင်း ပြန်အန်ထွက်တော့မလိုဖြစ်သွားသည်..ဒါ ရေနွေးကြမ်းမှမဟုတ်ဘဲ အရက်ကြီး...
သူ့မျက်နှာတခုလုံးရဲတက်သွားသည်.. လီကို ပါးစပ်ကိုအုပ်လိုက်ပေမယ့် တကိုယ်လုံးတုန်နေသည်ကိုတော့ မထိန်းနိုင်.. သူ့ဘေးမှာထိုင်နေတဲ့ ရန်ကျင်းရီက လီကို့ကျောကို စိတ်ကောင်းစေတနာနဲ့ သပ်ပေးဟန်ပြုကာမေးသည်.. "ကျိလူကြီးမင်း ဘာဖြစ်လို့လဲ"
လီကို ခေါင်းခါလိုက်သည်..
ရန်ကျင်းရီကမေးသည်.. "ကျိလူကြီးမင်းက အရက်မသောက်ဖူးဘူးလား"
လီကို ချောင်းဆိုးတာကို ခက်ခက်ခဲခဲရပ်လိုက်ကာ ရန်ကျင်းရီကို စောင်ကြည့်လိုက်သည်.. ဒီလူ ဘာလို့ သူများဒုက္ခရောက်နေတာကို ပျော်နေတဲ့ လေသံနဲ့ မေးရတာလဲ...
ESTÁS LEYENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...