ချစ်ညီမလေး အယ်လ်ဖာ ဖြစ်လေပြီအိုမီဂါတစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက ကိုယ်နဲ့သင့်တော်တဲ့ အယ်လ်ဖာ တစ်ယောက်ကိုရှာပြီး အိမ်ထောင်ပြု ကလေးမွေးလုပ်ရမယ်လို့ ရွမ်ဖေးဖေးတစ်ယောက် သင်ကြားခံခဲ့ရသည်
ဒါပေမယ့် ဒီလို သင်ကြားမှုမျိုးလောက်နဲ့တော့ ရွမ်ဖေးဖေးဟာ အိုမီဂါနဲ့ တူမလာပါ.. သူမက ကလေးမလိုချင်တဲ့အပြင် အိုမီဂါဖြစ်နေသည်ကိုပါ မုန်းတီးနေသူဖြစ်သည်..
တခြား အယ်လ်ဖာတွေထက် သူမက ပိုလုပ်နိုင်တာ တွေ ရှိနေတာလည်း အသိသာကြီးပဲလေ.. ဘာကြောင့် သူမက လင်ယူသားမွေး အလုပ်နဲ့ ဘ၀ကို ပြီးဆုံးလိုက်ရမှာလဲ..
ဒီလိုအတွေးအခေါ်မျိုးကပဲ ဖေးဖေးကို တခြား အိုမီဂါတွေမလုပ်ရဲတဲ့ကိစ္စမျိုးတွေ လုပ်ရဲအောင် တွန်းပို့ပေးတာဖြစ်သည်.. သူမက ထိန်းဆေးကို အသုံးပြုပြီး ဘီတာ ယောင်ဆောင်ခဲ့တယ် စစ်ထဲဝင်တယ်.. ရှေ့တန်းတောင် ထွက်လိုက်သေးတယ်.. သူမတူအောင်ထူးချွန်တဲ့ သူမရဲ့ ဆေးပညာအပြင် ဘေးပတ်ဝန်းကျင်က ချီးမြှောက်မှုတွေ အားကိုးမှုတွေက သူမကို ငါဟာ အိုမီဂါ တစ်ယောက် မဟုတ်ဘူးဆိုတဲ့ အတွေးကို ဝင်လာစေခဲ့တယ်..
သို့ပေမယ့်လည်း သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ သူမရဲ့ စိတ်ကြီးဝင်မှုကို လှောင်ပြောင် နေသလိုပဲ.. သူမရဲ့ estrus ရုတ်တရက်ရောက်လာချိန်မှာတော့ သူမရဲ့ ထိန်းဆေးကလည်း ထင်သလောက် မထိန်းနိုင်တော့ပါ..
အခြေအနေမကောင်းမှန်းရိပ်မိတာနဲ့ ချက်ချင်းခွင့်တိုင်ပြီး အိမ်ကို အမြန်ပြန်လာလို့ တော်သေးသည်ဟုပြောရမည်..
ဒါပေမယ့် သူမပြန်တဲ့ လမ်းတလျှောက် သူမကိုယ်က ထွက်တဲ့ pheromone ကြောင့် အယ်လ်ဖာ အများစုရဲ့ အာရုံစိုက်ခြင်းကို ခံရသည်..ထို pheromone ကြောင့် အနီးတဝိုက်က အယ်လ်ဖာများ နေရထိုင်ရခက်ခဲလာကာ စူးရှသည့် အကြည့်ရိုင်းများက သူမကိုယ်ပေါ်ကျလာ၏..
စိတ်မွန်းကြပ်ခြင်းနဲ့ ကြောက်ရွံ့ခြင်းတို့ တပြိုင်တည်းဖြစ်နေသည့် ဖေးဖေးဟာ ခြင်္သေ့တွေကြားထဲ လမ်းမှားပြီးပြေးဝင်လာမိတဲ့ သမင်ငယ်တစ်ကောင်လိုပင်..... တချက်လောက် ခြေလှမ်းချော်သွားတာနဲ့ အားလုံးက အမဲ ဝိုင်းဖျက်တော့မှာ သိနေသည်..
BẠN ĐANG ĐỌC
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Phiêu lưuအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...