အခန်း (၂၇)
အငွေ့ တထောင်းထောင်းနဲ့ ရေနွေးကန်ထဲလီကို ခွေနေရင်း.. သူ့ရုပ်နဲ့ နာမ်ဟာ တသားတည်းဖြစ်နေသလို ခံစားရသည်..လူက ခေါင်းထဲမှာ ဘာမှရေရေရာရာ တွေးချင်စိတ်မရှိဘဲ.. နေလို့ထိုင်လို့ကောင်းလွန်းသောကြောင့် ညည်းတောင်ညည်းချင်မိသေးသည်..
ရေချိုးနေရင်းနဲ့တော့ ရန်ကျင်းရီက သူ့ကိုနောက်ထပ် လေ့ကျင့်ခန်းမလုပ်ခိုင်းတော့ပါ.. သူက ရိုးရိုးပဲ လီကို့ကို သန့်ရှင်းရေးကူလုပ်ပေးပြီး အခန်းသို့ပြန်ခေါ်လာသည်.. လီကို့ဆံပင်တွေကို ခြောက်အောင်သေချာ သုတ်ပေးပြီးနောက် ရင်ခွင်ထဲထည့်ကာ အတူအိပ်စေသည်..
ထိုနေ့ညကသူတို့ ၂ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြသည်.. လီကိုက အိမ်မက်တခုပင်မက်သေး၏..
နောက်တနေ့ လီကိုနိုးတော့ ဘေးမှာ ရန်ကျင်းရီ မရှိတော့ပါ... ပြတင်းပေါက်မှအပြင်ကိုကြည့်လိုက်တော့ နေ့လည်တောင်ကျော်နေပြီဖြစ်ရာ . ရန်ကျင်းရီ.. မနက်ခင်း ညီလာခံကိုသွားလောက်ပြီထင်သည်..
မနေ့ညက တိုက်ပွဲက ပြင်းထန်လွန်းတယ်.. လီကို့ရဲ့ စိတ်ဆန္ဒက အားကြီးတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ နာကျင်ကိုက်ခဲမှုကတော့ မလွှဲမရှောင်နိုင်ပေ.. အိပ်ယာပေါ်မှာ လှဲနေရင်း သူမလှုပ်နိုင်တာ ခြေထောက်တခုတည်းမဟုတ်ဘဲ ခါးအောက်ပိုင်းတခုလုံးဖြစ်နေတာကို သတိထားလိုက်မိသည်..
ဒါကို သိလိုက်တဲ့ လီကို အနည်းငယ်တုန်လှုပ်သွားသည်... တခါတည်း ဒုက္ခိတ ၂ထပ်ကွမ်းဖြစ်အောင်များ ရန်ကျင်းရီ လုပ်ချလိုက်တာလားဟုတွေးရင်း...
လီကိုက "System..System"
System က တော့ သေချင်ယောင်ဆောင်နေ၏..
လီကိုကမေးသည်.."ငါ့ ကိုယ် က ဘာဖြစ်တာလဲ... ဘာလို့ လုံးဝလှုပ်လို့မရတော့တာလဲ"
System က ဆက်ပြီး မလှုပ်မယှက်ပင်..
လီကိုကပြောသည်.. " ကိုယ်နေလို့ သိပ်မကောင်းဘူး...ဘေဘီ....မင်းဘာလို့ စကားမပြောတာလဲ "
System ကစိတ်ထဲက မကျေမနပ်နှင့်တွေးသည်..'ဘယ်သူက မင်းဘေဘီလဲ' ဒါပေမယ့်လဲ ဘလိုပဲဖြစ်ဖြစ် ပြန်ဖြေရမှာသူ့အလုပ်ဆိုတော့ သူပြန်ဖြေသည်.. "လှုပ်ရှားမှု ပြင်းထန်သွားလို့ ကြွက်သား ထိခိုက်သွားတာ ရက်နည်းနည်းလောက်နားလိုက်ရင်ကောင်းသွားလိမ့်မယ်"
VOCÊ ESTÁ LENDO
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Aventuraအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...