အယ်လ်ဖာ မဟုတ်သော အယ်လ်ဖာ
အခန်း (၃၁)
ကြက်ကင် ကြွပ်ကြွပ်ရွရွ အရသာ
System က သူ့အပေါ် အမြင်မကြည်တာတခုခု အမြဲရှိကို ရှိနေတယ် လို့ လီကို ထင်တယ် ..
အခု ဒီကမ္ဘာရောက်ချိန်မှာတော့ system က သူ့အပေါ် တကယ် အမြင်မကြည်ဘူးဆိုတာကို လက်တွေ့သိလိုက်ရပြီ.. ပြီးတော့ တော်တော်ကို သောက်မြင်ကတ်နေတဲ့ သဘောမှာရှိတာ...
ဟိုရှေ့က ဘ၀မှာတုန်းကလဲ လူရိုက်တာ ခံရဖူးတယ်.. အရှေ့ ဘ၀မှာကျတော့ လဲ ရောဂါ အပြင်းအထန်ရှိတဲ့ လူ.. ယှဉ်ပြီးပြောရရင်တော့ သူ့လောလောဆယ် ကိုယ်ခန္ဓာက ဘာ မကျန်းမာတာမျိုးမှ မရှိပါဘူး... သို့ပေမယ့် အခြေအနေကတော့ မသာယာလှဘူး.. ဘာလို့လဲဆိုတော့ သူ အခု ခွေးပြေးဝက်ပြေး ပြေးနေရလို့ ဖြစ်သည်..
လီကို "မင်းငါ့ကို မကျေနပ်တာ ရှိရင် ဒဲ့ ပြောလို့ရတယ်.. ငါတို့က ပြောရရင် ပါတနာတွေပဲ.. ဒီလို တယောက်ကို တယောက် ထိခိုက်အောင် လုပ်နေစရာလိုလား.."
System "ငါကလဲ မလုပ်ချင်ပါဘူး"
လီကို "ဘာကို မလုပ်ချင်ရမှာလဲ"
System "မင်းသာ ဟိုသေတ္တာကိုယူဖို့ အချိန်ဆွဲမနေရင် ဒီဘက်ဇာတ်လမ်းလဲ အရောက် နောက်ကျမှာမဟုတ်ဘူး"
လီကို "ဒီတော့ ငါ့အပြစ်ပေါ့ ဟုတ်လား"
System ကပြန်မပြောပေ..
လီကို "ပြီးတော့.. အဓိကအချက်က မင်း သေတ္တာကိုလဲ ယူလာပေးတာမဟုတ်ဘူး"
System က ဒေါသဖြင့်ပြောသည်.. "ယူလာတော့ကော ဘာလုပ်လို့ရမှာလဲ မင်းအဲ့ဒါကြီးသယ်ပြီး ထွက်ပြေးနေမှာလား"
လီကိုက ယုံကြည်ချက်အပြည့် တည်ကြည်မှုအပြည့်ဖြင့်ပြန်ပြောသည်.. "ရောင်းစားပြီး ထွက်ပြေးဖို့ ပိုက်ဆံ ရှာလို့ရတာပေါ့ကွ"
System တကယ်ကို ဆွံ့အ သွားရသည်..
ဘယ်သူ့မှာ အပြစ်ရှိလဲ ဖော်ထုတ်ပြီးနောက် လီကိုက မြေကြီးမှ ထလိုက်ကာ ပုခုံးပေါ်မှ ဖုန်မှုန့်များကိုခါလိုက်သည်..
![](https://img.wattpad.com/cover/212776064-288-k243185.jpg)
ВИ ЧИТАЄТЕ
Perfect destiny (ပြီးပြည့်စုံသော ကံတရား)
Пригодиအစမှာ ရယ်ရပြီး နောက်ကျငိုရတဲ့ဇာတ်လမ်းမျိုးပါ ukeဖြစ်တဲ့ 'လီကို' ဟာ အင်မတန်ရွပါတယ် seme တွေကလဲ တစ်ယောက်မှ လူ့ကျင့်ဝတ်စည်းမျဉ်းနားမလည်ပါဘူး ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းက ဘာလို့ဒီလောက်ကောင်းနေတာလဲဆိုတာကိုတော့ ဇာတ်လမ်းရေးတဲ့ အော်ရီဂျင်နယ် သာသာပ...