အခန်း-၃၉

1.5K 127 24
                                    

အခန်း (၃၉)

နှုတ်ဆက်ပါတယ် အချစ်ရေ

ရွမ်ဖေးဖေးပြန်ရောက်လာပြီ.. တိုင်းပြည်အတွက် ဂုဏ်ဆောင်ပြီးပြန်လာတဲ့ သူတစ်ယောက်ပေ့ါ

ဒီ၃နှစ်အတွင်းမှာ သူမက ထူးဆန်းတဲ့ ဆေးဝါးတစ်မျိုးကို သူမရဲ့ သိပ္ပံနဲ့ နည်းပညာဌာနမှာ ဖော်စပ်ထုတ်လုပ်နိုင်ခဲ့တယ်.. ဒီဆေးက ဘေးထွက်ဆိုးကျိုးအနည်း ဆုံးနည်းနဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်ခဲ့တယ်..

ပြောရရင် ဒီဆေးက အိုမီဂါတွေအတွက် အထူးပြုထုတ်လုပ်ထားတာ..

ဒီဆေးကို သုံးတဲ့ အိုမီဂါဟာ ရုတ်တရက်ဖြစ်လာတဲ့ estrus ကာလကို သေချာထိန်းနိုင်မယ့်အပြင် သာမန်လူတွေလို.. လူ့အဖွဲ့အစည်းမှာ အေးအေးလူလူ အလုပ်လုပ်နိုင်မယ်...ဒီဆေးက Primal Chao Medicine Award ဆိုတဲ့ ဆုကို ပါအရယူပေးနိုင်ခဲ့တယ် (ဒီကမ္ဘာက Nobel prize လိုပေါ့)

ရွမ်ဖေးဖေး... အဲ မဟုတ်ဘူး.. အခုဆိုသူ့ကို အယ်လ်ဖာ လုယွမ်ယွမ် လို့ခေါ်ရမှာပေါ့.. သူမက ဒီ ကြယ်တာရာ အစုအဝေးရဲ့ အာရုံစိုက်မှုကိုခံနေရသူဆိုရင်လဲမမှားဘူး...

တီဗီကနေ လီကို ရွမ်ဖေးဖေးကို တွေ့လိုက်ရသည်.. လုယွမ်ယွမ်ဆိုတဲ့ မရင်းနှီးတဲ့ နာမည်ထက်စာရင် သူက သူမကို ရွမ်ဖေးဖေးလို့ခေါ်ရတာ ပိုသဘောကျတယ်...

သူမက စစ်ယူနီဖောင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်ခုံးတစ်စုံကြားမှာ မာန်အပြည့်နဲ့.. ပြီးတော့ အင်တာဗျူး မေးနေတဲ့ သူကို တည်ကြည်စွာပြန်ဖြေနေသည်.. သူမရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူကျေနပ်နေပုံပေါ်သည်..

"လုယွမ်ယွမ် ခဗျ" သတင်းထောက်က အသံကိုအနည်းငယ်မြှင့်လိုက်ကာ အရေးကြီးသည့် မေးခွန်းကို မေးတော့မယ့် ပုံပြင်လိုက်သည်.. သူက "သင့်ရဲ့ တီထွင်မှုက လူ့အဖွဲ့အစည်းကို ဒုက္ခပေးမှာကို မစိုးရိမ်ဘူးလား..  အိုမီဂါတွေရဲ့  ဂုဏ်က သူတို့ရဲ့ မျိုးပွားနိုင်မှု အပေါ်မူတည်တယ်... ဒါကို အခုလို လူ့အဖွဲ့အစည်းထဲ ဝင်ဖို့ ပြင်ဆင်ပေးလိုက်တာ သူတို့ အတွက် မမျှတ သလို ဖြစ်တယ်မထင်ဘူးလား"

ရွမ်ဖေးဖေးက သတင်းထောက်တွေကို တချက် ဝေ့ကြည့်လိုက်သည်... ပြီးတော့ ထိုမေးခွန်းထုတ်တဲ့ သတင်းထောက်ကို မေးလိုက်သည်.. "ခဗျားမှာ အိုမီဂါရှိလား"

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Sep 24, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Nơi câu chuyện tồn tại. Hãy khám phá bây giờ