*2*

4.1K 234 3
                                    

(Uni Vers...)
ကလေးငယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုတော့မှ နဖူးကိုအသာနမ်းပြီး အခန်းထဲမှ လသာဆောင်ဘာက်သို့ထွက်ခဲ့လိုက်သည်။

မွန်းကြပ်မှု အနည်းငယ်သက်သာလိုသက်သာငြား  စီးကရက် ထိုင်ဖွာနေပေမယ့်လည်း ကလေးငယ်နဲ့ ပတါသတ်ပြီး မွန်းကြပ်မှုတွေက ပျောက်မသွားခဲ့ပေ။

ဒီပုံအတိုင်းဆို ကလေးငယ်ရဲ့ နောက်ကြောင်းကို  စုံစမ်းမှ ဖြစ်တော့မည်။ကလေးငယ်အတိတ်မှာ ဘာတွေများဆိုးဝါးစွာဖြစ်ခဲ့လို ခုလိုပြောလိုက်ရုံနဲ့ ကြောက်ရွံ့သွားရတာလဲ။

ခုအနေအထားအရ ကလေးငယ်ရဲ့ နောက်ကြောင်းကို မသိလို့မဖြစ်တော့။သိမှကို ရပေတော့မည်။ကလေးငယ်နောက်ကြောင်း သိထားမှ လုပ်သင့်လုပ်ထိုက်တာကို သူလုပ်ရမည်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကလေးငယ်ကို သူ့အနားကနေလုံးဝထွက်ခွာခွင့်ပြုမည်မဟုတ်ပေ။

"သခင်လေး ခုထိမအိပ်သေးဖူးလား ......"

ဦးမိုက်စ်အပြောကို ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။

"စိတ်ညစ်စရာရှိလို့လား  သခင်လေး......"

ထပ်မံကာခေါင်းငြိမ့်ပြသော သခင်လေး။ ဆေးလိပ်ပြန်သောက်နေပုံအရ ကိစ္စက တော်ရုံမဖြစ်နိုင်ပေ။

"ကျွန်တော်ကူညီနိုင်တာရှိလား သခင်လေး......."

"အွန်း ရှိတယ်......"

"ဘာများလဲ သခင်လေး....."

"ကလေးငယ်ရဲ့ နောက်ကြောင်းကို စုံစမ်းစေချင်တယ်......."

"ထယ်ယောင်းလေူနဲ့ပတ်သတ်ပြီး တစ်ခုခုရှိလို့လား သခင်လေး......"

"အွန်း ထယ်ယောင်းကိုလာရှာတဲ့သူတွေ ရှိတယ်။ကလေးကို အဲ့လိုလည်းပြောလိုက်ရော ကလေးငယ်ပုံစံက အကြောက်တရားဘက်ကို ချက်ခြင်းပြောင်းသွားတယ် ။သူ့ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့လည်း သိရမှဖြစ်မယ် ........"

"ထယ်ယောင်းလေးကို မေးကြည့်ရင်ကော သခင်လေး......"

"ဆိုးဝါးလှတဲ့အတိတ်ကို ဘယ်သူက ပြန်ပြောချင်မှာလဲ ဦးမိုက်စ်......"

I Own You (S-2)Where stories live. Discover now