(Uni Vers.....)
"ငါ့ သား ဘယ်မှာလဲ ဝူဆော့.....""ဟို ကျွန်တော်လဲ မသိပါဖူး သူဌေး......".
"မင်းက သူ့ကိုယ်ရံတော်လေ မသိဖူးဆိုတာ မဖြစ်နိုင်ဖူး ။ ငါ့ကိုမှန်မှန်ပြော ဝူဆော့ ငါ့သားဘယ်မှာလဲ......"
"ကျွန်တော်တောင်းပန်ပါတယ် သူဌေး......"
ဂျွန်ချွဲရာရှေ့ ဒူးထောက်ကာ တောင်းပန်စကား ဆိုလိုက်သော ဝူဆော့။
"မင်းက ဘာအတွက် တောင်းပန်တာလဲ ......"
"ကျွန်တော် ဘောစ့်ကို မကာကွယ်နိုင်ခဲ့ဖူး ......"
"ဘာ......."
"ဘာဖြစ်တာလဲ ငါ့ကို အကုန်ပြောစမ်း......."
"ဘောစ့်ကို သူဌေးဂျွန်ဂျောင်ဂုတို့ ဖမ်းခေါ်သွားတာပါ......."
"ဘယ်ကိုလဲ ....."
"ကျွန်တော်မသိပါဖူး သူဌေး ........"
"သတင်းကော ဘာကြားသေးလဲ........"
"ဘောစ့်နဲ့ပတ်သတ်ပြီး ဘာသတင်းမှ မကြားပါဖူး သူဌေး....."
ထိုင်ခုံပေါ် အရုပ်ကြိုးပြတ် ထိုင်ကျသွားသော ဂျွန်ချွဲရာ။ဘာသတင်းမှ မကြားဖူးဆိုကတည်းက သူမသား အသက်မရှိတော့ဖူးဆိုတာက ရာခိုင်နှုန်းသေချာနေပြီမဟုတ်လား။ဂျွန်ဂျောင်ဂုကို လျော့တွက်ခဲ့မိတာ သူမတို့ သိပ်မှားသွားလေပြီ။
"ဂျွန်ဂျောင်ဂုကို အပြတ်ရှင်းဖို့ ဘာလုပ်သင့်လဲ ......."
"သူဌေးဂျွန်ဂျောင်ဂုကို အပြတ်ရှင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဖူး သူဌေး........"
"သူ့ကို အပြတ်ရှင်းလို့မရလည်း သူ့အဖိုးတန်လေးကို ရှင်းရမှာပေါ့။ကိုယ့်ရဲ့အဖိုးတန်လေးကို ဆုံးရှုံးရတဲ့ခံစားချက်ကို သူကောင်းကောင်းကြီး သိစေရမယ်....."
မင်းကို မရှင်းနိုင်ဖူးဆိုရင်တောင် မင်းချစ်တဲ့သူတွေကိုတော့ မင်းဆုံးရှုံးစေရမယ် ဂျွန်ဂျောင်ဂု။
"ဂျွန်ဂျောင်ဆိုး မရှိတော့ဖူး ဟုတ်လား....."
"ဟုတ်ကဲ့ မမလေး......."
"ဘယ်ရောက်သွားတာလဲ ......"
"အဲ့တာတော့ မသိဖူး ။ပြီးတော့ ဂျွန်ဂျောင်ဆိုးသတင်းကို အစအနတောင် ရှာလို့မရတော့ဖူး မမလေး....."
![](https://img.wattpad.com/cover/308894663-288-k122243.jpg)