(Uni Vers....)
"ဘာသိခဲ့ရပြီလဲ ဝူဆော့......""ဟို မသိဖူးလို့ ပြောပါတယ် ဘောစ့် ။ရောင်းစားခဲ့တာလည်း တော်တော်ကြာပြီမို့တဲ့......."
ဝူဆော့မှာ လိမ်သာလိမ်လိုက်ရတယ် ဘောစ့်သိမှာကိုကလည်း ကြောက်ရသေး။
"နောက်တစ်ခေါက် ထက်မေးချည် ဝူဆော့ ။ထယ်ယောင်းကို ငါတွေ့ရမှ ဖြစ်မယ်....."
"ဟို ဘာလို့လဲဆိုတာ သိလို့ရမလား ဘောစ့်......."
"ငါ့အပိုင်ကို ငါရှာတာ အကြောင်းပြချက်တွေ လိုသေးလို့လား ဝူဆော့......"
"မ မလိုပါဖူး ဘောစ့်......"
"ဒါနဲ့ ဒီအတောအတွင်း JKဘက်က ငြိမ်လှချည်လား......"
JK ဆိုတဲ့စကားလုံး ကြားတာနဲ့ ဝူဆော့မှာ ချွေးပင်ပြန်လာရသည်။ဒီတစ်ခါ JKကို ထိလို့ကတော့ အထိနာမှက ဘောစ့်ပင် ဖြစ်လိမ့်မည်။
"ဝူဆော့ ငါပြောတာ ကြားလား....."
"ဟုတ် ကြား ကြားပါတယ်......."
"မင်း ဘာဖြစ်နေတာလဲ စကားတွေလည်း ထစ်လို့။မှန်မှန်ပြောစမ်း ငါ့ကို လိမ်ထားတာ ဘာရှိလဲ....."
"ဘာမှမရှိပါဖူး ဘောစ့်ရဲ့။ ဟို အိမ် အိမ်သာ သွားချင်လာလို့....."
"သွား မြန်မြန်......"
"ဟုတ် ......."
ဝူဆော့မှာ အခန်းပြင်ရောက်မှ သက်ပြင်းအသာချနိုင်တော့သည်။သူဌေး ဂျွန်ဂျောင်ဂုနဲ့ ထိပ်တိုက်မတွေ့ဖို့ သူ ဘယ်လိုလုပ်ရပါ့။
"တစ်စက်မှကို စောက်သုံးမကျတဲ့ဟာတွေ လူတစ်ယောက်ကိုတောင် မရှာနိုင်ဖူး တစ်စက်မှအဖြစ်မရှိတဲ့ဟာတွေ......."
ဆေးလိပ်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်း ရေရွတ်မိလိုက်သည်။ ဒီလိုမှန်းသိ ထယ်ယောင်းကို သူ့လှောင်အိမ်လေးထဲမှာပဲ တစ်သက်လုံး ပိတ်လှောင်ထားလိုက်ပါတယ်။
အမှိုက်သာသာဆိုပေမယ့်လို့ ထယ်ယောင်းဟာ ယစ်မူးဖွယ်သိပ်ကိုကောင်းလွန်းသည်လေ။ ဘယ်လောက်ထိ ယစ်မူးဖွယ်ကောင်းလဲဆိုရင် သူ့ကိုထိပြီးရင် တစ်ခြားသူတွေကို ထိချင်စိတ်တစ်စက်ကလေးတောင် မရှိတော့သည်မျိုး။
![](https://img.wattpad.com/cover/308894663-288-k122243.jpg)