(Uni Vers...)
"ယောင်း နေ့လည်ကျရင် ဒယ်ဒီဆီလာခဲ့မယ်နော်......"နက်စ်တိုင်စည်းပေးရင်း ဒယ်ဒီကိုပြောလိုက်လျှင်ဖြင့်
"ဒီနေ့ကိုယ့်စိတ်ထဲထင့်နေတယ် ကလေးငယ် ။မလိုက်လာခဲ့နဲ့ ဒီနေ့တော့ အိမ်မှာပဲနေ......"
"အိမ်မှာနေရတာ ပျင်းတယ် ဒယ်ဒီရဲ့......"
မျက်နှာရှုံ့မဲ့ကာ ပြောလာသော ကလေးငယ်။မနက်နိုးလာကတည်းက ကလေးငယ်နဲ့ပတ်သတ်ပြီး စိတ်ထင့်နေတာက ခုချိန်ထိ ပျောက်မသွား။
"ဒီနေ့တစ်ရက်လောက်တော့ သည်းခံလိုက်ပါ။လိမ္မာတယ် ကလေးငယ်က......"
အတွေးတွေဟာ မကောင်းသည်မို့ အိမ်မှာနေခိုင်းခြင်းပင် ။ဒါကို မျက်နှာကြီးက ဆူပုတ်နေတော့ မခက်ပေဖူးလား။ကိုယ့်အတွက်ကနုယ် စိတ်ထင့်နေရင်တောင် စိုးရိမ်မည်မဟုတ်။ဒီကလေးအတွက် စိတ်ကတစ်အားကို လေးလံနေလို့ စိုးရိမ်နေမိခြင်းပင်။
"ဒါဆို အပြန်ကျရင် ယောင်းအတွက် strawberry နှစ်ခွက် ဟုတ်ဖူး လေးခွက် ဝယ်လာပေးရမယ်......"
"အိုခေ ဝယ်လာပေးမယ်......"
ကလေးငယ်ရဲ့ နဖူးထက် အနမ်းခြွေပြီးနောက် ကုမ္ပဏီသို့ ထွက်ခဲ့လိုက်သည်။ကုမ္ပဏီသို့ရောက်တော့ လေးလံနေသော စိတ်တို့ကို အာရုံလွှဲသည့်အနေဖြင့် အလုပ်ထဲကိုသာ စိတ်နှစ်လိုက်သည်။
"ယောင်းလေး အပြင်မထွက်နဲ့နော်......"
"မထွက်ပါဖူး ဒေါ်ဒေါ်ရဲ့ ....."
"ဟုတ်ပြီ......."
ဒေါ်ဒေါ်အလုပ်ကို မနှောင့်ယှက်ချင်တာနှင့် အိမ်ရှေ့သို့ထွက်လာခဲ့လိုက်သည်။
"ဦးမိုက်စ် ဒီနေ့က ဘာနေ့မို့ အစောင့်တွေ အဲ့လောက်များနေရတာလဲ......"
ခြံဝမှာ စောင့်နေသော လူအုပ်လိုက်ကြီးကိုကြည့်ပြီး မေးလိုက်ခြင်းပင်။
"သခင်လေး စောင့်ခိုင်းထားတာ ဘာလို့လဲတော့ ဦးမိုက်စ်လဲ မသိဖူး......"
သူနဲ့ပတ်သတ်ပြီး ဒယ်ဒီစိုးရိမ်တာကို သိပေမယ့် ခုလောက်ထိလုပ်ဖို့လိုလို့လား။သက်ပြင်းအသာချရင်း အိမ်နောက်ဘက် ပန်းခြံဆီသို့ ထွက်ခဲ့လိုက်သည်။
![](https://img.wattpad.com/cover/308894663-288-k122243.jpg)