(Uni Vers...)
"ဦးမိုက်စ် ဂျွန်ဂျောင်ဆိုးနောက်ကို လူလွှတ်ထားလိုက်......""ဘာလို့လဲ သခင်လေး။ သခင်လေး သူတို့နဲ့ မပတ်သတ်ဖို့ ဆုံးဖြတ်ထားတယ်မလား......"
"ပတ်သတ်ဖို့ အချိန်တန်လာလို့ပေါ့ ဦးမိုက်စ်။ တကယ့်အတော်ဆုံးဆိုတဲ့ လူတွေကို လွတ်ထားလိုက် ။တစ်စက္ကန့်လေးတောင် မလွှဲစေနဲ့....."
"အကြောင်းအရင်းသိလို့ရမလား သခင်လေး......"
"ကလေးငယ်ကို ရှာနေတာ သူပဲ ......."
"အကောင်းဆုံးလူတွေပဲ လွတ်လိုက်ပါ့မယ်......."
ဦးမိုက်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သခင်လေးဂျောင်ဂုဆီမှ ထွက်လာခဲ့လိုက်သည်။ဂျွန်ဂျောင်ဆိုးတို့သားမိနှစ်ယောက်ဟာ သခင်လေးအတွက် တကယ်ကို ကောင်းကျိုးမပေးတဲ့သူတွေဘဲ။
"နိုးပြီလား ကိုယ့်ကလေးလေး......"
မျက်စိကိုလက်နှစ်ဖက်ဖြင့် ပွတ်ပြီး ခေါင်းငြိမ့်ပြလာသော ကလေးငယ်။ သူသဘောကျနှစ်သက်တဲ့ မျက်ဝန်းဝိုင်းဝိုင်းလေး နာကျင်မည်ဆိုးသည့်အတွက် လက်ကိုအသာ ဆွဲယူလိုက်ပြီး မျက်ဝန်းကို ဖိကပ်နမ်းလိုက်သည်။
"မနေ့ညက ကျွန်တော်အိပ်မက် မက်တယ် Darling..."
"ဘာအိပ်မက်လဲ ပြောပါအုံး......."
"အိပ်မက်ထဲမှာ darlingက ကျွန်တော့်ကို လာရှာတဲ့လူရှိတယ်လို့ပြောပြီး အဲ့လူလက်ထဲ ကျွန်တော့်ကို ထည့်လိုက်တယ်။ ဒီနေရာက အရမ်းနာတာပဲ......"
ဘယ်ဘက်ရင်အုံကို လက်ဖြင့်ဖိရင်း ဆိုလာသော ကလေးငယ်။ မျက်ဝန်းအိမ်ထဲ၌လည်း စတင်ကာ ငွေ့ရည်ဖွဲ့လာလေရဲ့။
"ကလေးက ကိုယ့်အပိုင်လေ ။တစ်ခြားသူလက်ထဲ ထည့်ပေးစရာလား ဟင်......""အိပ်မက်ထဲကလို ကျွန်တော့်ကိုလာရှာတဲ့သူရှိရင်ကော ဟင်......"
"ကိုယ့်ရင်ခွင်ထဲ ဝင်ပုံးနေပေါ့ ။ မမြင်ရအောင် ကာပေးထားမယ် ။မြင်သွားရင်တောင် လုယူခွင့်မပေးဖူး ။ကလေးက ကိုယ့်အပိုင်လေ......"
"Darlingရင်ခွင်က ထယ့်အတွက် အနွေးထွေးဆုံးနဲ့ အလုံခြုံဆုံးပဲ......"
ပြောပြီး ရင်ခွင်ထဲ တိုးဝင်လာသော ကလေးငယ်။ရင်ဘက်ကိုလည်း တစ်ချက်တစ်ချက် နမ်းလိုက်သေးသည်။