(Uni Vers....)
"ဒယ်ဒီ ထတော့လေ ဒီနေ့ဆေးရုံသွားကြမယ်.....""ငါးမိနစ် ကလေးငယ်......"
"ရဖူး ခုထ......"
မထမခြင်း ခန္ဓာကိုယ်ပေါ်ကနေ တတ်ခုန်နေသောကလေးငယ်။သူခုန်တာက အရေးမကြီးဖူး ခုန်သည့်နေရာက အလည်တည့်တည့်ဆိုတော့ စောစောစီးစီးကို ထောင်မတ်ချင်လာပြီ။
"ကလေးငယ်ဆက်ခုန်ရင် ကိုယ့်ကောင်က ကလေးဂူထဲချက်ခြင်းဝင်သွားနိုင်တယ်နော်......"
ခုန်တာချက်ခြင်းရပ်ပြီး ကုတင်ပေါ်ကဆင်းပြေးသွားသောကလေးငယ် ။ဒယ်ဒီနှာဗူးကြီးလို့ကလဲ အော်ပြောသွားသည့်အတွက် ပြုံးမိလိုက်သေးသည်။
ဆက်အိပ်နေရင် ကလေးငယ်စိတ်ဆိုးသွားနိုင်သည်မို့ ထကာ ရေမိုးချိုးအဝတ်စားလဲပြီး အောက်ဆင်းလာခဲ့တော့ စတော်ဘယ်ရီကို ပလုတ်ပလောင်းစားနေသော ကလေးငယ်ကို တွေ့လိုက်ရသည် ။အစားစားတာကစ ချစ်ဖို့ကောင်းနေတာကလေးငယ်။
ဒီကောင်လေးကို ပိုင်ဆိုင်ထားရတာဟာ ကံကောင်းသည်ထက်ပိုတဲ့ ကံကောင်းမှုတစ်မျိုးပင်။ဒီကောင်လေးအတွက်ဆို ဆုံးရှုံးရခြင်းတွေဟာလည်း ထိုက်တန်သည်။
"ပြီးပြီလား ဒယ်ဒီ သွားမယ်......"
"ဖြေးဖြေးပေါ့ ကလေးငယ် ဘာတွေလောနေရတာလဲ ။ဆေးရုံက ထွက်မပြေးပါဖူး......"
"စိတ်လှုပ်ရှားလို့ ပြီးတော့ပျော်လည်းပျော်လို့ ခနလေးတောင်မစောင့်နိုင်တော့ဖူး သွားမယ်......."
"အိုကေ သွားကြတာပေါ့ ......"
"ကျွန်မပါ လိုက်ခဲ့လို့ရမလား သခင်လေး......"
"ပိုကောင်းတာပေါ့ ဒါဆို သွားကြစို့......"
"ဟုတ်ကဲ့......"
တစ်နာရီကြာမောင်းပြီးနောက် ဆေးရုံသို့ရောက်ခဲ့ကြသည်။
"ပါမောက္ခနမ်ဂျွန်နဲ့တွေ့ချင်လို့ပါ......."
"သူဌေးဂျွန်ထင်တယ် ......"
"ဟုတ်ပါတယ် ....."
"ပါမောက္ခအထဲမှာ ရှိပါတယ်ရှင့် ဝင်သွားလို့ရပါတယ်......"
နက်စ်မကို ခေါင်းအသာငြိမ့်ပြပြီး ပါမောက္ခနမ်ဂျွန်အခန်းသို့ သုံးဦးလုံးဝင်လာခဲ့ကြသည်။
![](https://img.wattpad.com/cover/308894663-288-k122243.jpg)