(Unicode....)
သုံးနှစ်ကြာပြီးနောက်…………"ထယ်ဂုနဲ့ထယ်ကူး ဒီလောက်ဆို တော်ရောပေါ့ …….."
ဂျောင်ဂု၏ အော်သံအဆုံး ထယ်ယောင်းအပါအဝင်ကလေးငယ်နှစ်ယောက်ပါ လန့်သွားလေရဲ့။
"ကလေးတွေ လန့်ကုန်ပြီလေ ဒယ်ဒီ……"
"ဟုတ်တယ် သားတို့မှာ လိပ်ပြာလေးရေ ကလူကလူဆိုပြီး ပြန်ခေါ်ရလောက်တဲ့ထိ လန့်သွားပြီ ။ ဟုတ်တယ်မလား ကူးငယ်…."
"ဟုတ်တယ် လန့်လွန်းလို့ လိပ်ပြာလေးတွေ ရှာဖို့တောင် ခတ်တော့မှာ…."
"ဒါဆိုလဲ နောက်ခါ မလန့်အောင် အနေထိုင်ဆင်ခြင်လေ……"
"ဂုလေးတို့က ခုဘာလုပ်နေလို့လဲ ဒယ်ဒီကလဲ……."
"ဟုတ်တယ် ကူးလေးတို့ ငြိမ်ငြိမ်လေးနေတာလေ ဒယ်ဒီပဲ လန့်အောင်လုပ်တာ……"
ဒီကလေးနှစ်ယောက်ဟာ ဘယ်သူနဲ့တူလို့ စွာစိလန်နေရတာလဲ။
"သွားအိပ်ကြတော့သွား ခုချက်ခြင်း……"
"သားတို့နှစ်ယောက်လုံး ဒီည ဒီမှာ အိပ်ကြမှာ ……"
"ဘာ……"
ကုန်းအော်လိုက်သော ဂျောင်ဂုကြောင့် သားဖသုံးယောက်လုံး ထပ်မံကာ လန့်သွားရပြန်သည်။
"ဒယ်ဒီ ဒီနေ့ဘာဖြစ်နေတာလဲ အော်ပဲအော်နေတယ်……."
"ယောင်း သားတွေက တစ်နေကုန် ယောင်းဘေးနားရှိနေတာလေ ။ကိုယ်က ခုချိန်လေး ယောင်းဘေးနား ရှိရတာကို ဖျက်လိုဖျက်စီး ဝင်ရှုပ်နေတယ်လေ ……."
"နေ ပါအုံး ဒယ်ဒီ ။ကူးလေး ပြောပါရစေအုံး ။ ဒယ်ဒီလို ပြောကြေးဆို သားတို့လည်း ခုမှ ပါပါးနားနေရတာလေ ။ ဒယ်ဒီကဖြင့် ပါးနားအကြာကြီးဆိုအကြာကြီးနေပြီးပြီလေ ။ ကိုကိုဂု ကူးငယ်ပြောတာမှန်လား……."
"မှန်တယ်……"
ထယ်ကူးလေးအပြောကို ခေါင်းငြိမ့် ထောက်ခံပြီးနောက် သူတို၏ပါးပါးရင်ခွင်ထဲကို နှစ်ယောက်သားတိုးဝင်သွားကြသည်။ ထယ်ယောင်းမှာလည်း မျက်နှာရှုံ့မဲ့သွားတဲ့ ဒယ်ဒီကိုကြည့်ပြီး ပြုံးမိသွားသည် ။
"ကလေးကြီးကြီးက စိတ်ဆိုးနေပြီ ။ ကလေးငယ်ငယ်လေးတွေက ဘယ်လိုလုပ်ချင်လဲ……."
![](https://img.wattpad.com/cover/308894663-288-k122243.jpg)