*Final*

4.9K 209 26
                                    

(Uni Vers.......)
"ကျွန်တော်မသိပါဖူး တကယ်ပါ။ကျွန်တော့်ကို သခင်လေးဂျွန်ဂျောင်ဂုက ပို့ခိုင်းတာလို့ ပြောပြီး ပို့ခိုင်းတာ......"

"အဲ့တာ ဘယ်သူလဲ......"

"အမျိုးသမီး တစ်ယောက်ပါ ....."

"ဒီနှစ်ယောက်ထဲက ဘယ်သူလဲ ....."

"ဒီတစ်ယောက်ပါ......"

လက်စသတ်တော့ ယွန်းဂျယ်ရာ ဖြစ်နေတာကိုး။

"ဟို ကျွန်တော့်ကို လွတ်ပေးပါနော် ။ ဒီကိစ္စတွေကျွန်တော်ဘာတစ်ခုမှ မသိရပါဖူး ....."

"မင်းသွားတော့......"

Deliသမားမှာ ဂျောင်ဂုကို ကျေးဇူးအထပ်ထပ်တင်ကာ တစ်ချိုးထဲ လစ်ပြေးလေတော့သည်။

"သခင်လေး ဘာလုပ်မလဲ......."

"ယွန်းဂျယ်ရာနဲ့တွေ့ကြတာပေါ့......."

မင်းငါ့လက်ထဲမှာ မသေမရှင်ဖြစ်စေရမယ် ယွန်းဂျယ်ရာ။ခုတော့ သူ့ဦးတည်ရာဟာ ကလေးငယ်ဆီမဟုတ်တော့ဘဲ ယွန်းဂျယ်ရာဆီ ဖြစ်လာတော့သည်။

"ယောင်းလေး သတိရပြီလား....."

"ဒယ်ဒီ....."

"ဟင် ...."

"ဒယ်ဒီကိုခေါ်ပေး......."

"ဒေါ်ဒေါ်အခုပဲ ခေါ်ပေးမယ်နော်......"

ဒေါ်ဒေါ်အပြောကို ခေါင်းအသာငြိမ့်ပြလိုက်သည်။

"ဟယ်လို သခင်လေး ။ယောင်းလေးနိုးပြီ ။သခင်လေးကို ခေါ်ခိုင်းနေလို့ပါ ။ ဟုတ်ကဲ့....."

"ဘာတဲ့လဲဟင်......"

"လာနေပြီတဲ့ ယောင်းလေး....."

မြန်မြန်လာပါ ဒယ်ဒီ။ခုလိုအချိန်မျိုးမှာ ဒယ်ဒီကို သူ သိပ်လိုအပ်ပါသည်။

"ဦးမိုက်စ် ဆေးရုံကိုမောင်းလိုက်တော့......"

"ယွန်းဂျယ်ရာဆီ မသွားတော့ဖူးလား......"

"ယွန်းဂျယ်ရာကို ဦးလေးပဲ ခေါ်ခဲ့လိုက်......"

သခင်လေးအပြောကို ခေါင်းအသာ ငြိမ့်ပြလိုက်ပြီး ဆေးရုံကိုသာ မောင်းခဲ့လိုက်သည်။

"ယွန်းဂျယ်ရာကို ဂျွန်ချွဲရာပါ  မြို့ပြင်ကာ စံအိမ်ကို ခေါ်သွားလိုက်......"

I Own You (S-2)Where stories live. Discover now