(Uni Vers....)
"နိုးပြီးလား ကလေးငယ်......""ဟုတ် အလုပ်အဆင်ပြေရဲ့လား ဒယ်ဒီ......"
"ပြေတာမှ ပြေ ပြေ နဲ့နေတာပဲ....."
ဒယ်ဒီပြုံးနေပုံထောက်ရင် တကယ်ပင် အလုပ်က အဆင်ပြေနေပုံ။
"အောက်မှာ ယွန်းဂီတို့ရောက်နေတယ်....."
"ဟင် တကယ်လား......"
"တကယ်ပေါ့ ကိုယ်တို့တွေ ဒီနေ့သွားလည်ကြမယ်လေ......"
"လည် လည်လို့ဖြစ်ပါ့မလား ဒယ်ဒီ....."
လည်မယ်လို့လဲ သတင်းကြားရော စိုးရိမ်ထိတ်လန့်သော မျက်ဝန်းဖြင့်ကြည့်ကာ မေးလာလေရဲ့။
"ကလေးငယ်က ဘာလို့လည်လို့မရရမှာလဲ....."
"ဟို လူနဲ့ထပ်တွေ့ရင်ကော ဒယ်ဒီ......."
"ထပ်တွေ့မှာ မဟုတ်လို့ စိတ်ပူမနေနဲ့......"
"အဲ့ဒါ ဘာကိုဆိုလိုတာလဲဟင် ဒယ်ဒီ........"
"ယောင်းငယ် မမြင်ချင်ဖူးဆိုလို့ အဝေးပို့လိုက်ပြီ......"
"ဘယ်ကိုပို့လိုက်တာလဲ ဒယ်ဒီ။ပြန်ရောက်လာရင်ရော......"
"ဒီနိုင်ငံရဲ့ ဝေးရာပေါ့ ။ ဘယ်တော့မှ ပြန်ရောက်မလာနိုင်တာမို့ စိတ်သာချ....."
"ဒါမှ ယောင်းဒယ်ဒီ......"
ပြောပါတယ် ထိုလူ့ကို သူ့နား ဘယ်တော့မှ ထပ်မလာနိုင်အောင် လုပ်နိုင်တာ ဒယ်ဒီတစ်ယောက်ထဲပဲ ရှိပါတယ်လို့။
"အဝတ်စားလဲပြီးဆင်းခဲ့ အောက်ထပ်မှာစောင့်နေမယ်....."
"ဟုတ် ဒါနဲ့ ဒယ်ဒီ တစ်ခုကျန်သေးတယ်လေ......."
"ဘာကျန်သေးတာလဲ ......"
"ပေးနေကြလေ ဒယ်ဒီမပေးရသေးဖူး......"
နှုတ်ခမ်းဆူပြလာသော ကလေးငယ်။တုံ့ဆိုင်းခြင်းမရှိ အပေါ်အောက်တစ်လှည့်စီ အနမ်းခြွေလိုက်တော့မှ ပြုံးကာ ရေချိုးခန်းထဲ ဝင်သွားလေရဲ့။
"ယောင်းကို ဒယ်ဒီအဝတ်စားတွေ ထုတ်ပေးဖို့မမေ့နဲ့နော်......"
"ဟင် ဟိုနေ့ကပဲ အဝတ်အစားတွေ ဝယ်လာတယ်လေ ....."
"အဲ့ အဝတ်စားတွေက ဒယ်ဒီအဝတ်အစားလောက် သက်တောင့်သက်သာ မရှိဖူး မဝတ်ချင်ဖူး ။ဒယ်ဒီအဝတိသာ ထုတ်ထားပေး......"
