(Uni Vers...)
"ကလေးငယ် အဆင်ပြေလား......"အိမ်ရောက်ကတည်းက ဘာစကားမှမပြောပဲ တိတ်နေသော ကလေးငယ်။ခု သူအမေးကိုလည်း ခေါင်းသာအသာငြိမ့်ပြလာလေရဲ့။
"ကိုယ်မေးရင် ဖြေမှကြိုက်တာ ကလေးငယ်အသိဆုံးပါ....."
"ပြေ ပြေပါတယ်....."
ဖြေဖြေပြီးခြင်း ခေါင်းအသာငုံ့သွားသော ကလေးငယ်။မေးဖျားကနေ အသာမော့ယူလိုက်သော မျက်ရည်စများ ရစ်ဝိုင်းနေသော မျက်ဝန်းတစ်စုံနှင့်တည့်တိုးသည်။
"မရွံဖူးလား ကျွန်တော့်ကို......"
အိမ်ပြန်ရောက်ပြီး ပထမဦးဆုံးပြောသည့်စကားက ဒီစကားတဲ့လား ။ဂျွန်ဂျောင်ဆိုးဆီက ဘာတွေကြားခဲ့လို့ ကလေးငယ်က ခုလိုမေးရတာလဲ။
"ဘာကိုလဲ......"
"ဒယ်ဒီ တွေ့ပြီးပြီမလား ကျွန်တော်နဲ့အဲ့လူရဲ့ ဗွီဒီယို...."
ပြောလည်းပြော နောက်ဆုတ်ပြီး လက်ပိုက်ကာကိုယ်ကိုကျုံ့သွားသော ကလေးငယ်။
"ရွံတယ်....."
"ဟင်......"
"ကလေးငယ်သာ ဆန္ဒရှိရင် ရွံတယ်လို့ ။အဲ့တုန်းက ကလေးငယ် ဆန္ဒမရှိခဲ့ဖူးမလား......"
ခေါင်းအသွင်သွင်ငြိမ့်ပြလာသော ကလေးငယ်။
"ဒါဆို ကိုယ်ကရွံစရာ ဘာရှိလဲ......"
ထိုတော့မှ ရင်ခွင်ထဲ အသာတိုးဝင်လာလေရဲ့။သူလည်း ကလေးငယ်ကို တင်းကြပ်စွာဖက်ထားလိုက်သည်။
ကလေးငယ်ရဲ့ အတွေးထဲ ခုလိုအတွေးမျိုး ဘယ်သောအခါမှ ဝင်မလာတော့လေအောင် ဘယ်လိုလုပ်ရမလဲ။
အွန်း ဂျွန်ဂျောင်ဆိုးတာ သေသွားခဲ့မယ်ဆိုရင် ဒီအတွေးတွေဟာ လွင့်စင်ပျောက်ကွယ်နိုင်ကောင်းပါရဲ့။ ဖြေးဖြေးခြင်း ငြင်းသတ်မယ်စိတ်ကူးပေမယ့် ခုပုံစံအတိုင်းဆို အမြန်လက်စဖျောက်မှ ရပေလိမ့်မည်။
ဘယ်သူ့အတွက်မှ ကောင်းကျိုးမဖြစ်ထွန်းတဲ့ ဂျွန်ဂျောင်ဆိုးကို အမြန်လက်စသတ်မှပါ။သူ့ကိုလက်စ မသတ်မခြင်း ကလေးငယ်ဟာ ကြောက်ရွံ့မှုဖြင့်သာ ရှေ့ဆက်ရနိုင်တဲ့ အနေအထားမှာ ရှိနေလေပြီ။