(Uni Vers....)
ဒယ်ဒီကလေးကို မွေးချင်တဲ့အကြောင်း ပြောသင့်မပြောသင့် သူ စဉ်းစားနေမိသည်။ဒေါ်ဒေါ်ကပြောတယ် ဒယ်ဒီဆီမှာအရင်ခွင့်တောင်းကြည့်ဖို့။ဒယ်ဒီမသိအောင် လုပ်ဖို့စဉ်းစားထားပေမယ့်လည်း ဒယ်ဒီမသိပဲနဲ့လည်း ဘာမှမလုပ်ချင်ပြန်။အသိပေးလိုက်လို့ ခွင့်မပြုမှာကိုလည်း ကြောက်နေမိပြန်သည်။
ယောက်ျားလေးကိုယ်ဝန်ဆောင်ခြင်းဟာ အန္တရာယ်များမှန်းသိပေမယ့် ဒယ်ဒီနဲ့သူ့သွေးသားဖြစ်မည့် ကလေးလေးအကြောင်းစိတ်ကူးယဉ်လိုက်ရင် ပျော်ရွှင်မှုတို့ဟာ အဆမတန်ကို ဖြစ်တည်လာခဲ့တာ။
စိတ်ကူးနဲ့ပျော်ရွှင်ရတာထက် လက်တွေ့ပျော်ရွှင်ရသည်ကို ပိုနှစ်သက်သည်မို့ အကောင်အထည်ဖော်ချင်သည်။ဒယ်ဒီကိုလည်း ကြောက်သည်။ဒယ်ဒီသဘောတူအောင် ဘယ်လိုပြောရမလဲဆိုတာကိုလဲ စဉ်းစားလို့ကမရ။
"ကလေးငယ် ကလေးငယ်......."
"ဟင် ဒယ်ဒီ....."
"ကိုယ်ခေါ်နေတာကြာပြီ ဘာတွေးနေတာလဲ ......"
"ဟို ဘာမှမတွေးပါဖူး ဒယ်ဒီ......"
"ဒယ်ဒီလိမ်တာမကြိုက်ဖူးဆိုတာ သိတယ်မလား ကလေး......"
"ဟုတ်......"
"ပြော ဘာတွေးနေတာလဲ......"
"ဟို ယောင်း ကလေးမွေးချင်လို့........"
"မွေးလေ ကလေးငယ်......."
"ဟင် တကယ်လား ဒယ်ဒီ........"
"တကယ်ပေါ့ ကိုယ်အားတဲ့ရက် ဂေဟာသွားကြမယ်လေ......."
"မဟုတ်ဖူး ဒယ်ဒီ ကလေးမွေးစားချင်တာမဟုတ်ဖူး ယောင်းကိုယ်တိုင် ဒယ်ဒီကလေးလေး မွေးချင်တာ......"
"လုံးဝပဲ ကလေးငယ်........"
ငြင်းဆန်မှာမှန်း ကြိုသိထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံလာတော့ လူကအလိုလိုဝမ်းနည်းမိလာသည်။
"ဘာလို့လဲ ဒယ်ဒီ......."
"ကိုယ်ကလေး မချစ်တတ်ဖူး ......."
"ညာတယ်......."
"ကလေးငယ် ......."
"ဟင့် အော်တယ် ဒယ်ဒီကိုမချစ်ဖူး........"