(Uni Vers....)
"ဘယ်လိုမှ မတတ်သာလို့ ကျွန်တော်ပြောလိုက်ရတာပါ သူဌေးဂျွန်......."ဒူးထောက်ပြီးတောင်းပန်လာသော ဂျယ်ဆော့။မျက်နှာဆိုတာ ရစရာမရှိအောင်ကို စုတ်ပြတ်သတ်လို့။
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ သခင်လေး....."
"ထိုင်စောင့်ရုံပေါ့ ......."
လက်ကျန်ဆေးလိပ်ကို မီးငြိမ်းသတ်လိုက်ရင်း ဆိုလာသော သခင်လေး။
"ထယ်ယောင်းကို ဘယ်လိုရှာတွေ့ခဲ့တာလဲ......."
သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ဆိုလာသော သူဌေးဂျွန်ဂျောင်ဂု။
"ထယ်ယောင်းကို လမ်းဘေးကချုံပုတ်ထဲမှာ တွေ့တာပါ။ ဒဏ်ရာတွေကလဲ ဗလပွနဲ့အပြင် လိင်ဆက်ဆံလည်း ခံထားရတယ်။
ပြီးတော့ လိုအပ်ရင် ရောင်းစားနိုင်တယ် ဆိုတဲ့စာပါ တစ်ခါထဲ ပါသည့်အတွက် ကျွန်တော်ရောင်းဖို့ ခေါ်လာခဲ့တာပါ။
ထယ်ယောင်းကလဲ ချောတော့ ဈေးကောင်းလဲ ရနိုင်တယ်လေ။ခေါ်ပြီး သုံးလအကြာမှာ သူဌေးဂျွန်နဲ့တွေ့တာပဲ........."
လိင်ဆက်ဆံရုံတင်မက ရိုက်ပါရိုက်နက်ထားပြီး လမ်းဘေးချုံဘုတ်ထဲ ပြစ်ထားသည့်တဲ့လား။ဒါတင်မကဘဲ ရောင်းစားလိုက်သေးတယ်။
ငါသေရင်တောင် ခွင့်မလွတ်ဖူး ဂျွန်ဂျောင်ဆိုး။ကလေးငယ် ခံစားရတာထက် အဆပေါင်းများစွာ မင်းခံစားရအောင် ငါနှင်းချေပြမယ် ဂျွန်ဂျောင်ဆိုး။
"မြန်မြန်ပြန်လာမယ်ဆိုပြီး ခုထိ ပြန်မလာသေးဖူး....."
လက်ကလည်းပိုက်ထားသည့်အပြင် နှုတ်ခမ်းကပါ ရှေ့သို့ထော်ထော်ပြီး ပွစိပွစ်ပြောနေသော ထယ်ယောင်းကိုကြည့်ပြီး ဒေါ်သတယ်လာပြုံးမိသည်။
ဒီကလေးငယ်ဟာ ဘယ်လိုနေနေကို ချစ်ဖို့ကောင်းလွန်းနေတာ။အွန်း ဘာမှမလုပ်ပဲ ဒီတိုင်းလေးရပ်နေရင်ကို ချစ်ဖို့ကောင်းနေတာ။စိတ်ထားလေးကပါ ဖြူစင်သော အလှတရားဟာ ပိုအသက်ဝင်လာတာပေါ့ ။
"ဟောဗျာ ဘာဖြစ်နေတာလဲ ဆူပုတ်နေတာပဲ....."
မေးတာကို မျက်စောင်းထိုးပြီး အဖြေပေးလိုက်သော ကလေးငယ်ကြောင့် စိတ်ကောက်နေပြီဆိုတာ သိလိုက်ပါပြီ။
![](https://img.wattpad.com/cover/308894663-288-k122243.jpg)