(Unicode Vers ..)
"ကောင်လေးက ဘယ်ချိန်နိုးလာမှာလဲ Doctor.....""စိတ်ဖိစီးမှုဒဏ်တွေရယ် ပင်ပန်းမှုတွေရယ် ပေါင်းပြီး မေ့လဲသွားတာမို့ မကြာခင်သတိရပါလိမ့်မယ်။နောက်တစ်ခုမှာချင်တာက အကြမ်းပတမ်းမဆက်ဆံရင်ကောင်းပါလိမ့်မယ်......"
ဒေါက်တာကို သူခေါင်းအသာငြိမ့်ပြလိုက်သည်။ အကြမ်းပတမ်း မဆက်ဆံရင်ကောင်းမယ်တဲ့။
ဘယ်လိုလုပ်မလဲ ကောင်လေးရဲ့ခန္ဓာကိုယ်နဲ့ ထိတွေ့မိချိန်တိုင်း စိတ်ရိုင်းတွေက ဝင်လာပြီး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံချင်မိတာ။
"ခွင့်ပြုပါအုံး ......."
ထပ်မံကာ ခေါင်းအသာငြိမ့်ပြလိုက်သည်။ဆရာဝန်ထွက်သွားတော့ ကောင်လေးအနားလျှောက်လာလိုက်သည်။
သတိမေ့နေပုံလေးကအစ လှရက်နိုင်လွန်းသော ကောင်လေး။ထိုကောင်လေးကို ပိုင်ဆိုင်မိတဲ့ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိသည်။
ဒီကောင်လေးကို သူအလိုရှိနေသရွေ့ သူ့လှောင်အိမ်ထဲသို့ ပိတ်လှောင်ထားမည်။အလိုမရှိရင်တော့ ကောင်လေးကို လွတ်လိုက်ရုံပဲပေါ့။
ကြည့်နေရင်းနဲ့ တစ်ဖြေးဖြေးခြင်း မျက်လုံးဖွင့်လာသော ကောင်လေး။သူ့ကိုလည်းမြင်ရော မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။သိပ်ကို အတင့်ရဲနေပါလား ။နေမကောင်းလို့ လွတ်ထားတယ်မှတ်ပါ ကောင်လေး။
"အေးအေးဆေးဆေး အနားယူနေ......"
"မုန်းတယ် ခင်ဗျားကို......."
ထိုလူထွက်သွားတော့မှ တိုးတိုးလေးရေရွတ်လိုက်သည်။မဟုတ်ရင် သူရိုက်နှက်ခံရနိုင်သည်လေ။
သူ့ခန္ဓာကိုယ်ကို အရုပ်ကလေးတစ်ရုပ်လို ဆက်ဆံချင်တိုင်း ဆက်ဆံနေတဲ့ထိုလူ့ကို ထယ်ယောင်းသိပ်မုန်းသည်။သူ့ကိုမုန်းသလို ထိုလူထိတွေ့ထားတဲ့ သူ့ခန္ဓာကိုယ်ကိုလည်း မုန်းသည်။
မနေ့ညကတည်းက တစ်ခါထဲသေသွားရမှာ။ဘာလို့များ အသက်ရှင်နေရသေးတာလဲ။ဒီလိုဘဝမျိုးနဲ့တော့ မရှင်သန်ချင်ပါ။
လက်မှာချိတ်ထားတဲ့ပိုက်ကို ဆွဲဖြုတ်ပြီး ရေချိုးခန်းသို့ ဝင်လာခဲ့လိုက်သည်။ရေပန်းကို ဖွင့်ချပြီး ထိုအောက်ထိုင်ကာ စိတ်ရှိတိုင်းအားရပါးရ ငိုချလိုက်သည်။
![](https://img.wattpad.com/cover/308894663-288-k122243.jpg)